♪ မြန်မာငွေတစ်သိန်းခန့်သာရှိတဲ့ ၅လက်မအရွယ် HD မျက်နှာပြင်၊ 13-Megapixel ကင်မရာပါ Meizu m3 ဖုန်း ထွက်ရှိ ♫


Meizu ကုမ္ပဏီဟာ ဒီလအတွင်းမှာ Meizu Pro 6 နဲ့ m3 note စမတ်ဖုန်းတွေကို ထုတ်ခဲ့ပြီး၊ အခုအခါမှာတော့ လူတန်းစားမရွေးကိုင်နိုင်မယ့် Meizu m3 တန်ဖိုးနည်းဖုန်းကို ထပ်ထုတ်လိုက်ပါတယ်။

Meizu m3 ဖုန်းကို ယခုအခါ တရုတ်နိုင်ငံမှာ အော်ဒါကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16GB မော်ဒယ်ကို တရုတ်ယွမ် ၅၉၉ (မြန်မာငွေ တစ်သိန်းခန့်) ၊ RAM 3GB နဲ့ storage 32GB မော်ဒယ်ကို ယွမ် ၇၉၉ ( မြန်မာငွေ တစ်သိန်းလေးသောင်းခန့်) သာရှိပါတယ်။

SIM နှစ်ကတ်ထိုးသုံးနိုင်ပြီး၊ Android 5.1 Lollipop အခြေခံ၊ Meizu ရဲ့ Flyme 5 OS ကို အသုံးပြုထားပါတယ်။ ၅ လက်မအရွယ် HD (720×1280 pixels) မျက်နှာပြင်၊ MediaTek ပရိုဆက်ဆာအသစ် MT6750 SoC တို့ကို အသုံးပြုထားပြီး၊ LPDDR3 RAM 2GB နဲ့ 3GB နှစ်မျိုး ကြိုက်ရာရွေးဝယ်နိုင်မှာပါ။

Meizu m3 ဖုန်းမှာ 13-megapixel ကျောကင်မရာ၊ LED ဖလက်ရှ်မီး၊ PDAG အလိုအလျောက်ဆုံချက်ရှာစနစ်၊ 5-megapixel ရှေ့ကင်မရာ တို့လည်းပါရှိတာကြောင့် မြန်မာငွေတစ်သိန်း ခန့်လောက်နဲ့ဆို တော်တော်တန်တဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။

ဘက်ထရီက 2870mAh ဘက်ထရီဆိုတော့ ဘက်ထရီသိပ်အများကြီးမဟုတ်သလို၊ လက်ဗွေရာဆန်ဆာလည်း မပါ ပါဘူး။ Meizu m3 ဖုန်းကို ရွှေရောင်၊ ခဲရောင်၊ အဖြူရောင်၊ အပြာရောင်၊ ပန်းရောင် စတဲ့ကာလာစုံ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ ကိုယ်ထည်ကို ပိုလီကာဘွန်နိတ်နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ ဘယ်တော့ရရှိမလဲ ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပါဘူး။



gsmarena_002



Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment