♪ အွန်လိုင်းမှာ Game Of Thrones Season 6 အတွက် Spoiler တွေကို ဘယ်လိုရှောင်ရှားမလဲ ♫


နာမည်ကျော်တီဗီစီးရီးတစ်ခုဖြစ်တဲ့ Game Of Thrones ရဲ့ ဆဌမမြှောက် Season ရဲ့ ပထမပိုင်းကတော့ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ ရရှိနိုင်ခြင်းမရှိသေးလို့ ကြည့်ပြီတဲ့ လူတွေက အွန်လိုင်းမှာ Facebook မှာ Spoil အလုပ်ခံရမှာစိုးရိမ်နေပါသလား။ စိတ်မပူပါနဲ့။ သင့်အနေနဲ့ သင့်ရဲ့Facebook မှာ Game Of Thrones Season 6 နဲ့ ပါတ်သက်တဲ့ Spoiler တွေကို ဖယ်ရှားထားလို့ရပါပြီ။

တခြား Twitter မှာ Instagram မှာ Hide လုပ်လို့ရတဲ့ နည်းတွေလည်းရှိပေမယ့် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်က Facebook ဖြစ်တာကြောင့် Facebook နဲ့ ပါတ်သက်တဲ့ နည်းလမ်းတွေကိုသာ ရေးသားတင်ပြပေးလိုက်ရတာဖြစ်ပါတယ်။ Spoiler တွေကို Hide လုပ်တာကတော့ ဘာမှမခက်ခဲပါဘူး။ သင့်ကွန်ပျူတာက Chrome Browser ရှိဖို့ပဲ လိုပါတယ်။

နည်းလမ်းကတော့ Google Chrome Extension တစ်ခုဖြစ်တဲ့ GameofSpoils ကို ထည့်သွင်းပေးရမှာပါ။ ထည့်သွင်းလိုက်တာနဲ့ အောက်ပုံမှာပြထားတဲ့အတိုင်း Active ဖြစ်သွားရင် ရပါပြီ။ ဒီ Extension ကသင့်ကို သင့် Browser ထဲက Facebook ပေါ်မှာ Game Of Thrones Season 6 အတွက် Spoil လုပ်တဲ့ Post တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

game of thrones extention

ဒီ Extension ကိုမနှစ်ကစထုတ်ခဲ့တာဖြစ်ပြီး တခြားဇာတ်ကားတွေ၊ Series တွေရဲ့ Spoil တွေကာကွယ်ရမှာ အတော်အသုံးဝင်ခဲ့တာကြောင့်နာမည်ကျော်ခဲ့ပါတယ်။ ဒါပေမယ့် Mobile က Facebook Acc, YouTube နဲ့ တခြားလူမှုကွန်ယက်တွေက Spoil တွေကိုတော့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။
Ref: Independent

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment