Samsung Galaxy J စီးရီးရဲ့ အားသာချက်များ



Samsung ဟာ မြန်မာနိုင်ငံရဲ့  မိုဘိုင်း ဈေးကွက်အတွင်းမှာရှိတဲ့ မိုဘိုင်းဖုန်း အသုံးပြုသူတို့ အဆင်ပြေစေရန်အတွက် စွမ်းဆောင်ရည်မြင့်မားပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ဝင်ရောက်ထိုးဖောက်လျက်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ဈေးနှုန်းသင့်တင့်မျှတပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်များနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စမတ်ဖုန်း စီးရီး တစ်မျိုးကို ရောင်းချပေးနေပြီဖြစ်ပါတယ်။ ၄င်းအမျိုးအစားကတော့ Samsung Galaxy J စီးရီးများဖြစ်ပါတယ်။ Samsung အနေနဲ့  Samsung Galaxy J စီးရီး စမတ်ဖုန်းများကို Samsung Galaxy J1 (2016), Samsung Galaxy J1 Mini, Samsung Galaxy J2, Samsung Galaxy J3 (2016), Samsung Galaxy J5 နဲ့ Samsung Galaxy J7 ဆိုပြီး အမျိုးအစားခြောက်မျိုးနဲ့ ထုတ်လုပ်ရောင်းချပေးလျက်ရှိပါတယ်။ 





ပထမဦးဆုံအနေနဲ့ Samsung Galaxy J1 (2016) အကြောင်းကို ရေးသားဖော်ပြရမယ်ဆိုရင် Samsung Galaxy J1 (2016) ရဲ့  မျက်နှာပြင် အကျယ်ဟာ ၄.၅ လက်မရှိပြီး Quad A7 1.3GHz အမျိုးအစား Processor ကို အသုံးပြုထားပါတယ်။ ဖုန်းအတွင်း Data သိုလှောင်မှု ပမာဏကတော့ 1GB RAM နဲ့ 8GB Storage တို့ကို အသုံးပြုထားပါတယ်။ နောက်ထပ် Data သိုလှောင်မှု ပမာဏထပ်မံ တိုးမြှင့် အသုံးပြုလိုသူများအတွက်လည်း အဆင်ပြေစေရန်အတွက် Micro SD Slot ကို ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy J1 ရဲ့ အရွယ်အစားဟာ ၁၃၂. x ၆၈. x 8.9 မီလီမီတာ ရှိပြီး ဘက်ထရီအမျိုးအစား 2,050 mAh ကို အသုံးပြုထားတဲ့ OS ကိုတော့ Android OS ရဲ့  Lollipop ဗားရှင်းကို အသုံးပြုထားပါတယ်။ Samsung Galaxy J1(2016) ကို မြန်မာကျပ်ငွေ ၁၂၀,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 



နောက်တစ်မျိုးကတော့ Samsung Galaxy J1 ကို အနည်းငယ်အပြောင်းအလဲ လုပ်ထားတဲ့ Samsung Galaxy J1 (Mini) ဖြစ်ပါတယ်။ ဈေးနှုန်းကတော့  မြန်မာကျပ်ငွေ ၉၉,၀၀၀ ကျပ်ဖြစ်ပြီး ဂိမ်းကစားတဲ့ လူငယ်တဲ့အကြိုက်တွေ့စေမဲ့  Quad Core Processor ကို အသုံးပြုထားပါတယ်။ Samsung Galaxy J1 ရဲ့ မျက်နှာပြင် အကျယ်ကတော့ 4 လက်မရှိတဲ့အတွက် ကြီးလည်း မကြီးသလို သေးလည်း မသေးတဲ့ အရွယ်အစားဖြစ်ပါတယ်။ ဖုန်းအတွင်း Data သိုလှောင်မှုပမာဏတော့ 8GB နဲ့  RAM ကတော့ 768MP ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် Data သိုလှောင်မှုကို 128 GB အထိ ထပ်တိုးအသုံးပြုနိုင်ရန်အတွက် Micro SD Slot ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Samsung Galaxy J1(Mini) ရဲ့  အတိုင်းအတာ အရွယ်အစားဟာ ၁၂၁. x ၆၃. x ၁၀. မီလီမီတာ ရှိပြီး ဘက်ထရီအမျိုးအစား 1,500 mAh ကို အသုံးပြုထားတဲ့အပြင် Android Version ကိုတော့ Lollipop ကို အသုံးပြုထားပါတယ်။ 


J1 နဲ့ J1 (Mini) ပြီးတဲ့နောက်မှာ နောက်ထပ် J စီးရီး တစ်မျိုးကတော့ Samsung Galaxy J2 ဖြစ်ပါတယ်။ Samsung Galaxy J2 ရဲ့  မျက်နှာပြင် အကျယ်ကတော့ ၄.၇ လက်မဖြစ်ပြီး ကင်မရာ အမျိုးအစားကတော့ အပြင်ဘက်ကင်မရာ 5MP နဲ့ အတွင်းဘက် ကင်မရာ 2MP ကို အသုံးပြုထားပါတယ်။ Android Version 5.1 ကို အသုံးပြုထားပြီး သူ့ရဲ့ ထူးခြားတဲ့အချက်များဖြစ်တဲ့ ဘက်ထရီအား သက်သာစေမဲ့ Ultra-power saving mode အပြင် ဘက်ထရီ သိမ်းဆည်းမှု ပမာဏ၊ လုပ်ဆောင်နိုင်စွမ်းတွေကို စစ်ဆေးနိုင်တဲ့ Smart Manager နဲ့ လက်ဖဝါး ပြလိုက်ရုံနဲ့ ဓါတ်ပုံရိုက်ကူးနိုင်တဲ့ Palm Selfie တို့နဲ့ ပေါင်းစပ်ကာ မိုဘိုင်းဖုန်း အသုံးပြုသူတို့ကို စွဲဆောင်ထားပါတယ်။ Samsung Galaxy J2 ကိုတော့ မြန်မာကျပ်ငွေ 152,000 ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 


နောက်ထပ် Samsung Galaxy J စီးရီးများထဲမှ J1, J1 (Mini) နဲ့  J2 တို့ရဲ့ လုပ်ဆောင်ချက် စွမ်းဆောင်ရည်များထက် အနည်းငယ် ပိုမိုကောင်းမွန်စွာ ကွားခြားတဲ့ Samsung Galaxy J စီးရီးကတော့ Samsung Galaxy J3 ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၉၉,၀၀၀ ကျပ်ဖြစ်ပါတယ်။  Samsung Galaxy J3 ဟာ မြင့်မားတဲ့ စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ရန်အတွက် Processor ကို Quad A7 1.5GHz အသုံးပြုထားပါတယ်။ မျက်နှာပြင် အကျယ်ကတော့ ၅ လက်မရှိပြီး HD AMOLED အမျိုးအစားကို အသုံးပြုထားပါတယ်။ Data သိုလှောင်မှု ပမာဏကို 8GB Storage နဲ့  RAM 1.5GB တို့ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် နောက်ထပ် Data သိုလှောင်မှုကို 128 GB အထိ ထပ်တိုးအသုံးပြုနိုင်စေရန်အတွက် Micro SD Card Slot တို့ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ကင်မရာ အမျိုးအစားကတော့ အပြင်ဘက် ကင်မရာ 8MP နဲ့ အတွင်းဘက် ကင်မရာ 5MP တို့ကိုလည်း အသုံးပြုထားပါတယ်။ ဘက်ထရီ အမျိုးအစားကတော့ 2,600 mAh ကိုအသုံးပြုထားပါတယ်။ 


နောက်ဆုံး ကျန်ရှိနေတဲ့ Samsung Galaxy J စီးရီး နှစ်မျိုးကတော့  Samsung Galaxy J5 နဲ့  Samsung Galaxy J7 တို့ဖြစ်ပါတယ်။  ဈေးနှုန်းအားဖြင့် Samsung Galaxy J5 ကို မြန်မာကျပ်ငွေ ၂၃၂,၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီး Samsung Galaxy J7 ကိုတော့  မြန်မာကျပ်ငွေ ၂၈၈,၀၀၀ တို့ဖြင့် ဝယ်ယူ ရရှိနိုင်ပါတယ်။ အဆိုပါ စမတ်ဖုန်း နှစ်ခုရဲ့  စွမ်းဆောင်ရည်များနဲ့  အသေးစိတ် အချက်အလက်များကတော့ J5 ရဲ့ မျက်နှာပြင် အကျယ်ဟာ ၅.၀ လက်မ နဲ့  J7 ရဲ့ မျက်နှာပြင် အကျယ်ကတော့ ၅.၅ လက်မရှိပါတယ်။ Samsung Galaxy J5 ရော Samsung Galaxy J7 ရော နှစ်မျိုးစလုံးရဲ့  ကင်မရာ အမျိုးအစားကတော့ အလင်းရောင် နည်းနေစဉ်မှာပင် ရုပ်ထွက်ကောင်းမွန်အောင် ရိုက်ကူးနိုင်တဲ့ ကျောဘက် ကင်မရာ 13MP နဲ့ အတွင်းဘက် ကင်မရာ 5MP တို့ဖြင့် ဖွဲ့စည်းတည်းဆောက်ထားပါတယ်။ Processor အမျိုးအစားကတော့ Samsung Galaxy J7 မှာ လုပ်ဆောင်ချက်မြင့်မားစွာ စွမ်းဆောင်နိုင်ပြီး လုပ်ဆောင်ချက်တိုင်းကို အထစ်အငေါ့မရှိ စွမ်းဆောင်ပေးမဲ့ 1.5GHz Quad + 1.2GHz Quad အမျိုးအစားရှိတဲ့ CPU ၈ လုံးကို ထည့်သွင်းပေးထားပါတယ်။ ဒီလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ သင့်တင့်တဲ့ ဈေးနှုန်းတွေကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူတို့ အကြိုက်တွေ့စေမှာ အသေချာပါပဲ။ 


Samsung ရဲ့  ထုတ်လုပ်လိုက်သမျှ မိုဘိုင်း ဖုန်းတိုင်းဟာ ထူးခြားချက် တစ်မျိုးစီပါဝင်နေတဲ့အတိုင်းပဲ Samsung Galaxy J စီးရီးများမှာလည်း မှော်ဆန်တဲ့ ထူးခြားချက်များကို ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy J စီးရီးတွေရဲ့  Screen မျက်နှာပြင် အမျိုးအစားဟာ Super AMOLED အမျိုးအစားကို အသုံးပြုထားတဲ့အတွက် အင်တာနက် အသုံးပြုရင်ပဲဖြစ်ဖြစ် ဗီဒီယို ကြည့်ရင်ပဲဖြစ်ဖြစ် ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်ဖြင့် သဘာဝဆန်ဆန် ရုပ်ထွက်တွေကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ နောက်အချက်ကတော့ အခြားဖုန်းများနဲ့ မတူ အဆင့်မြှင့်ထားတဲ့ ကင်မရာအရည်အသွေးအကြောင့် Home ခလုတ်ကို နှစ်ချက်နှိပ်ရုံဖြင့် ဓါတ်ပုံရိုက်ပေးနိုင်တဲ့ Quick Launh Feature နဲ့  သင်ရိုက်သမျှ ဓါတ်ပုံတွေကို အသေးစိတ်ကျကျ ကြည်လင်ပြတ်သားစွာ ပေးစွမ်းနိုင်မဲ့ အဆင့်မြင့်ကင်မရာနဲ့ Professional ဓါတ်ပုံဆရာ တစ်ယောက်ရဲ့ ကင်မရာ တစ်လုံးကဲ့သို့ အလင်းအမှောင်တွေကို လိုရာ ချိန်ဆနိုင်တဲ့ Pro mode တို့ဖြင့်ကင်မရာအရည်အသွေးကို ကောင်းမွန်အောင် ပေါင်းစပ်ဖွဲ့ဆည်းထားပါတယ်။ 


အခြားဖုန်းများနဲ့ မတူတဲ့ Samsung Galaxy J စီးရီးတွေရဲ့ အားသာချက်ဟာ Sim Card နှစ်ကဒ် ထည့်သွင်းအသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ 

Aung Ko Htet (WinKaBarKyaw)

#aungkohtet


0 comments:

Post a Comment