♪ လက်မတစ်ချောင်းတည်းနဲ့ စာမြန်မြန်ရိုက်နိုင်မယ့် Microsoft ရဲ့ Word Flow ကီးဘုတ် app iOS မှာ ထွက်ရှိ ♫


Microsoft ဟာ အမိုက်စားကီးဘုတ် app ဖြစ်တဲ့ Word Flow ကို iOS မှာလည်း ယနေ့ တရားဝင် အခမဲ့ ထွက်ရှိလာပါပြီ။

ဒီကီးဘုတ်ကို ၊ ဒီလအစောပိုင်းမှာ iOS အတွက် beta စတင် ထုတ်ခဲ့တာဖြစ်ပြီး၊ beta ကာလကတည်းက user တွေရဲ့ နှစ်သက်မှု အများအပြားရရှိခဲ့တဲ့ ကီးဘုတ် app တစ်ခုဖြစ်ပါတယ်။

Word Flow ကီးဘုတ်မှာ ကိုယ်ရိုက်ချင်တဲ့စကားလုံးကို swipe ဆွဲပြီး ရိုက်နိုင်သလို၊ ရိုက်ချင်တဲ့စကားလုံးကို ကီးဘုတ်ကနေ အလိုအလျောက်ခန့်မှန်းဖော်ပြပေးသွားမှာဖြစ်လို့၊ စာရိုက်ရာမှာ သိသိသာသာမြန်ဆန်စေမယ့် ကီးဘုတ် app တစ်ခုဖြစ်ပါတယ်။

ဒီ့အပြင် လက်တစ်ဖက်တည်းနဲ့ အလွယ်တကူစာရိုက်နိုင်မယ့် one-handed mode လည်းပါရှိပါတယ်။ ဒီ mode ပြောင်းလိုက်မယ်ဆိုရင်၊ ကီးဘုတ်ပုံစံက ဘေးဘက်မှာ အကွေးပုံစံနဲ့ဖြစ်သွားပြီး၊ လက်မလေး တစ်ချောင်းထဲနဲ့ စာတွေ မြန်မြန်ရိုက်နိုင်မှာပါ။ iPhone 6S Plus လို မျက်နှာပြင်ကြီးကြီးဖုန်းတွေအတွက်တော့ ဒီ feature က တကယ့်ကို အသုံးဝင်ပါတယ်။ Word Flow ကီးဘုတ်မှာ နောက်ခံ background ကို ကိုယ့်စိတ်ကြိုက် ပုံဒီဇိုင်းတွေနဲ့လည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါသေး တယ်။

လောလောဆည်မှာ Word Flow ကီးဘုတ် app ကို U.S App Store မှာပဲ ထွက်ရှိထားပြီး၊ Android မှာတော့ ရရှိမှာမဟုတ်သေးပါဘူး။ Windows ဖုန်းတွေမှာတော့ iOS ထက်အရင် ရပြီးသားပါ။

AI စနစ်သုံး နာမည်ကျော် Swiftkey app ကို ဖေဖော်ဝါရီလတုန်းက ၀ယ်ယူထားတဲ့ Microsoft အနေနဲ့၊ မကြာခင်တုန်းကလည်း Hub ကီးဘုတ်ကို ထုတ်ပေးခဲ့ပြီး၊ ဒီကီးဘုတ်ကတော့ multi-tasking တစ်ပြိုင်တည်း အလုပ်များများလုပ်ချင်တဲ့လူတွေအဆင်ပြေအောင်လို့၊ ကီးဘုတ်ကနေ Office ဖိုင်တွေဆီသွားနိုင်တာ၊ contacts ထဲ ၀င်နိုင်တာ စတဲ့ဖန်ရှင်တွေ ပါဝင်တဲ့ကီးဘုတ်ဖြစ်ပါတယ်။

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment