♪ “Lenovo ZUK Z2 Pro ကိုမိတ်ဆက်” ♫


Lenovo ရဲ့ လက်ခွဲကုမ္ပဏီဖြစ်တဲ့ ZUK က Z2 Pro စမတ်ဖုန်းကိုမိတ်ဆက် လိုက်ပါတယ်။ တရုတ်မှာမိတ်ဆက်ခဲ့တဲ့ Z1 ရဲ့ မျိုးဆက်မဟုတ်ဘဲ ဒုတိယ မော်ဒယ် တစ်ခုလို့ ထင်ရပါတယ်။ ZUK Z2 Pro မှာ ၅.၂ လက်မ Display တပ်ဆင်ထားပြီး Z1 ရဲ့ ၅.၅ မျက်နှာပြင်ထက် သေးငယ်ပါတယ်။ IPS LCD အစား AMOLED ကိုအသုံးပြုထားပေမယ့် Resolution ကတော့ Full HD ပဲ ဖြစ်ပါတယ်။ Z1 ရဲ့ Snapdragon 801 အစား Z2 Pro မှာ Snapdragon 820 ကိုအသုံးပြုထားပါတယ်။ 6GB RAM, 128GB Storage ထည့်သွင်းထား ပါတယ်။ နောက်ပိုင်းမှာ 4GB RAM , 64GB Storage မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP ISOCELL Camera တပ်ဆင်ထားပြီး Phase Detection Autofocus နည်းပညာပါပါတယ်။ 4K Video များကိုဖမ်းယူပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera တပ်ဆင် ထားပါတယ်။
Home Button မှာ Fingerprint Scanner ကိုတပ်ဆင်ထားပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ Sensor , UV Sensor နဲ့ တောင်တက်ခြင်းနဲ့ အခြားကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်တဲ့အခါမှာအမြင့်ပေကိုတိုင်းတာ ပေးတဲ့ Sensor လည်းပါရှိပါတယ်။ ဆယ်လူလာကွန်ရက် အမျိုးအစားပေါင်း ၂၃ ခုကိုထောက်ပံ့တယ်လို့ ZUK က ပြောပါတယ်။ 4G LTE, VoLTE , WiFi ac, Bluetooth 4.1 , GPS , USB Type-C များကိုလည်းထောက်ပံ့ပါတယ်။ Android Marshmallow , 3100mAh Battery တပ်ဆင်ထားပါတယ်။ 6GB/128GB Version ကိုတရုတ်မှာစတင်ရောင်းချပေးနေပြီးဒေါ်လာ ၄၂၀ ၀န်းကျင် တန်ကြေးရှိပါတယ်။ တန်ဖိုးနည်းဗားရှင်းကိုမေလ ၁၀ ရက်နေ့မှာ ရောင်းချမှာဖြစ်ပေမယ့် ဈေးနှုန်းကိုမသိရသေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment