♪ မျက်နှာပြင်ကို အဆုံးစွန်ထိကွေးလို့ရတဲ့ စမတ်ဖုန်းတစ်မျိုးကို တရုတ်ကုမ္ပဏီ ပြသ ♫


တရုတ်နိုင်ငံ၊ နန်ပင်းမြို့နိုင်ငံတကာပြပွဲခန်းမမှာ ပြုလုပ်သွားတဲ့ ကုန်စည်ပြပွဲတစ်ခုမှာ ကုမ္ပဏီတစ်ခုဟာ ဖုန်းမျက်နှာပြင်ကို လုံးဝအဆုံးစွန်ထိ ကွေးညွတ်လို့ရတဲ့ စမတ်ဖုန်းတစ်လုံးကို ပြသသွားခဲ့ပါတယ်။
ဒီလို မျက်နှာပြင်ကွေးနိုင်တဲ့စမတ်ဖုန်းတွေကို Samsung က ထုတ်တော့မယ်လို့ သတင်းတွေပေါက်ကြားခဲ့ပေမယ့်၊ Samsung ထက်အရင်၊ တရုတ်ကုမ္ပဏီတစ်ခုက ဒီလိုဖုန်းမျိုးကို လက်တွေ့ထုတ်ပြလိုက်တာပါ။
ယခုပြသသွားတဲ့ဖုန်းဟာ Android စနစ်သုံး Touchscreen ဖုန်းတစ်လုံးဖြစ်ပြီး၊ ဂရပ်ဖင်း ခေါ် ကာဗွန်အလွှာပြားတစ်မျိုးနဲ့ မျက်နှာပြင်ကို ပြုလုပ်ထားတာဖြစ်ပါတယ်။
ဖုန်းမျက်နှာပြင်ဟာ လုံးဝအဆုံးစွန်အထိ ကွေးညွတ်နိုင်တာကြောင့်၊ လက်မှာတောင် ပတ်သုံးနိုင်ပြီး၊ ရုပ်ထွက်ကတော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။
ဒီဖုန်းဟာ ဈေးကွက်ဝင်ထုတ်လုပ်ဖို့ထက်စာရင်၊ နည်းပညာပြသမှုတစ်ခုအနေနဲ့ဖြစ်ပြီး၊ အနာဂတ် wearable ပစ္စည်းတွေမှာ ဒီဂရပ်ဖင်းကာဗွန်ကို သုံးလာဖို့ရှိနေပါတယ်။ ဂရပ်ဖင်းဆိုတာ ကျနော်တို့ သာမန်ခဲတံချောင်း တွေမှာ ပါတဲ့ ခဲဆံ (ဂရပ်ဖိုက်) ကနေ ထုတ်ယူရရှိနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်ပြီး၊ အလွန်ပါးလွှာပေမယ့်၊ စတီးထက် အဆ ၂၀၀ လောက်ပိုခံနိုင်ရည်ရှိပါတယ်။
အခုဆိုရင် တရုတ်နိုင်ငံဟာ ဂရပ်ဖင်းသုတေသနပြုလုပ်မှုမှာ ရှေ့ဆုံးကဦးဆောင်နေတဲ့နိုင်ငံဖြစ်ပြီး၊ ယခုစမတ်ဖုန်းကို ပြသသွားတဲ့ကုမ္ပဏီနာမည်ကို မသိရပေမယ့်၊ ၂၀၁၅ခုနှစ်တုန်းက၊ ပထမဆုံး ဂရပ်ဖင်းစခရင်သုံးစမတ်ဖုန်းကို ပြသသွားတဲ့ Moxi Technology and Galapad ကုမ္ပဏီဖြစ်နိုင်ပါတယ်။
china-bendable-smartphone
Ref: i4u

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment