♪ Windows ၏ AppLocker feature တွင် လုံခြုံရေး အားနည်းချက်ရှိ ♫


လုပ်ငန်းသုံး Windows ဗားရှင်းတွင်ပါဝင်သော AppLocker feature တွင် whitelist အဖြစ် စာရင်းသွင်းထားသော app များသည် malware အန္တရာယ်မှ ကင်းဝေးသော်လည်း လုံခြုံအားနည်းချက်ကြီး တစ်ခုရှိနေသည်။

၎င်းလုံခြုံရေး အားနည်းချက်သည် Regsvr32 အသုံးပြု၍ Windows 7 နှင့်အထက် လုပ်ငန်းသုံး Windows ဗားရှင်းများတွင် ဟက်ကာများနှင့် ဗိုင်းရပ်စ်ဖန်တီးသူများက မည်သည့် app ကိုမဆို ထည့်သွင်းအသုံးပြုစေနိုင်ကြောင်း သိရသည်။

အဆိုပါ အားနည်းချက်ကို ကော်လိုရာဒိုအခြေစိုက် သုတေသီ ကေဆီစမစ် ဆိုသူက ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Microsoft အနေဖြင့် အဆိုပါပြဿနာကို ပြန်လည်ပြင်ဆင်ခြင်း မရှိသေးပေ။ လတ်တလောတွင်မူ သုံးစွဲသူများအနေဖြင့် Windows Firewall အသုံးပြု၍ Regsvr32.exe နှင့် Regsvr64.exe တို့ကို disable ပြုလုပ်နိုင်ကြောင်း သိရသည်။
Ref: TheNextWeb

Credit to ==> Internet Journal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment