♪ HTC 10 နဲ့ Samsung Galaxy S7 ကိုနှိုင်းယှဉ်ကြည့်ခြင်း ♫


HTC 10 ဟာ HTC ရဲ့ နောက်ဆုံးနဲ့ အကောင်းဆုံးထွက်ပေါ်လာတဲ့ Android ဖုန်းတွေထဲက အဓိက စမတ်ဖုန်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူဟာပြင်းထန်တဲ့ ဆန့်ကျင်ချက်တစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး Samsung Galaxy S7 ကိုမမှီဘူးလို့ ဆိုနေကြတာလည်း ဖြစ်ပါတယ်။ HTC 10 ဟာ S7 လောက်ကောင်းမကောင်းဘူးဆိုတာ နည်းနည်းလေး ယှဉ်ကြည့်ချင်ပါတယ်။

ဒီဇိုင်းနှင့် တည်ဆောက်မှုအရည်အသွေး

htc-10-and-galaxy-s7-1
HTC နဲ့ Samsung ဟာ ဒီဇိုင်းနဲ့ ပါတ်သက်ရင်တော့ လူတော်တော်များများရဲ့ အမှတ်ပေးမှုကို ရရှိထားတဲ့ ဖုန်းတွေပဲဖြစ်ပါတယ်။ ပစ္စည်းနှစ်မျိုးလုံးဟာ သူတို့ရဲ့ အရင်ထွက်ရှိခဲ့တဲ့ ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းသိသိသာသာ ကွဲပြားမှုတော့မရှိပါဘူး။ အဲ့လိုပဲ စက်နှစ်မျိုးလုံးဟာ ဈေးကြီးသလို ပေးရတဲ့ဈေးနဲ့ တန်အောင်ပြုလုပ်ထားမှုတွေလည်း ရှိနေသေးတာဖြစ်ပါတယ်။ HTC က Samsung လောက် စိတ်လှုပ်ရှားဖွယ် မရှိစေဘူးလို့ ထင်ရပေမယ့် နှစ်မျိုးလုံးဟာ အဆင့်အမြှင့်စား ထုတ်ကုန်တွေပဲဖြစ်ပါတယ်။

မျက်နှာပြင်

htc 10 and galaxy s7 2
Samsung ရဲ့၅.၁လက်မရှိတဲ့ မျက်နှာပြင်ဟာ HTC ရဲ့ ၅.၂လက်မရှိတဲ့ မျက်နှာပြင်ထက်အနည်းငယ်သေးတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းဝယ်ယူထားသူတွေရဲ့ပြောကြားချက်အရ HTC 10 ရဲ့ မျက်နှာပြင်ဟာ အတော်ကြီးကို တောက်ပတာကြောင့် Samsung ရဲ့ AMOLED မျက်နှာပြင်ကိုတော့ မမှီနိုင်ဘူးလို့ ဆိုကြတာဖြစ်ပါတယ်။ HTC မျက်နှာပြင်ဟာ ပြီးခဲ့တဲ့ HTC မော်ဒယ်တွေကတည်းက Super LCD ကိုအသုံးပြုထားတာပါ။ မျက်နှာပြင်နှစ်မျိုးလုံးဟာ 2560×1440 Pixels ရှိတာဖြစ်ပါတယ်။
htc 10 and galaxy s73

Processor နှင့် Storage

HTC ဟာ Snapdragon 820 2.2 GHz Processor နဲ့ Adreno Graphics, 4GB ပမာဏရှိတဲ့ RAM 32GB ရှိတဲ့ Internal Memory တို့ကိုပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Micro SD ကဒ်ကို 2TB (2000GB) အထိ အံ့အားသင့်ဖွယ်ကောင်းအောင် တိုးချဲ့နိုင်ပါတယ်။
Samsung Galaxy အနေနဲ့ကတော့ Snapdragon 820 2.15 GHz Processor ကိုအသုံးပြုထားပြီး HTC ထက်နည်းနည်းနှေးမှာပါ။ Storage ပိုင်းမှာဆိုရင်လည်း Samsung ဟာ 4GB ရှိတဲ့ RAM နဲ့ အတူ 32 GB ကနေ 64GB ထိရှိတဲ့ Internal Storage ပမာဏတို့လည်းပါဝင်ပါတယ်။ အဲ့ဒီအပြင် Storage ကို နောက်ထပ် MicroSD ကတ်ထပ်စိုက်ပြီးလည်း ချဲ့နိုင်ပါသေးတယ်။

ကင်မရာ

ကင်မရာနဲ့ ပါတ်သက်ရင်တော့ HTC ဟာ မြှင့်တင်ဖို့ ကြိုးစားလာတာဖြစ်ပြီး HTC One M7 ရဲ့ Ultrapixel ကင်မရာနည်းပညာကို အနည်းငယ် အဆင့်မြှင့်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆင်ဆာပိုင်းမှာတေ့ Sony One နဲ့ Nexus 5X တို့မှာ တွေ့ရတဲ့အတိုင်းပဲဖြစ်ပြီး Aperture နဲ့ မြင်ကွင်းတည်ငြိမ်မှုတွေကတော့ ပိုပြီး ကောင်းမွန်တာကိုတွေ့ရပါတယ်။ ကျောဘက်ကင်မရာက 12 MP ရှိပြီး ရှေ့မျက်နှာကင်မရာကတော့ 5MP ရှိတာပဲဖြစ်ပါတယ်။
Galaxy S7 ကလည်း ကျောဘက်ကင်မရာ 12MP နဲ့ 5MP ရှိတဲ့ ရှေ့မျက်နှာကင်မရာတို့ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ကျောဘက်ကင်မရာကို Dual Pixel နည်းပညာကို အသုံးပြုထားလို့ 16MP ရှိတဲ့ ကင်မရာတွေထက်တောင် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
htc-10-and-galaxy-s7-5

ဘက်ထရီ

ဖုန်းနှစ်မျိုးလုံးဟာ Android ရဲ့ နောက်ဆုံးထွက် Version ဖြစ်တဲ့ Marshmallow ကို အသုံးပြုထားတာကြောင့် ဘက်ထရီသက်တမ်းကို တိုးချဲ့ထားနိုင်တာကို တွေ့ရမှာပါ။ 3000 mAh ရှိတဲ့ ဘက်ထရီကို ဖုန်းနှစ်မျိုးလုံးက အသုံးပြုထားတာဖြစ်ပြီး၊ အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားကြတာလည်းဖြစ်ပါတယ်။

သုံးသပ်ချက်

htc 10 and galaxy s7 6
ဘယ်ဖုန်းကနိုင်လဲ ဆိုရင်တော့ ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ Samsung က ဓာတ်ပုံတွေရိုက်တဲ့အပိုင်းမှာ မျက်နှာပြင်ပိုင်းမှာ သာလွန်သလို၊ HTC ကလည်း ပိုပြီး စပီကာပိုင်း၊ Storage ပိုင်းတွေမှာသာလွန်နေပါတယ်။ ဒါကြောင့် ပရိတ်သတ်တွေအနေနဲ့လည်း ဘယ်လိုထင်တယ်ဆိုတာ Comment တွေပေးခဲ့နိုင်ပါတယ်။
htc 10 and galaxy s7 7

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment