Xiaomi ကုမ္ပဏီဟာ နောက်လ ၁၀ ရက်နေ့၊ ဘေဂျင်းမြို့မှာပြုလုပ်မယ့်
ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ MIUI 8 ၊ Mi Max phablet နဲ့ Mi Band 2 တို့ကို
စတင်မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။
ဒီဇိုင်းအသစ်နဲ့ MIUI 8 မှာ notification bar ပုံစံကပြောင်းလဲသွားပြီး၊ Notification Shade ဆိုတဲ့ ဒီဇိုင်းအသစ်နဲ့ ဖြစ်ပါတယ်။
Mi Max ဖုန်းအကြောင်းကိုတော့ အသေးစိတ်ပြောကြားခြင်းမျိုးမရှိခဲ့ဘဲ၊ Mi
Max ဆိုတဲ့ နာမည်၊ ထွက်ထားတဲ့သတင်းတွေအရ ဒီဖုန်းဟာ စခရင်ကြီးကြီးနဲ့
ဖုန်းနဲ့တက်ဘလက်ကြား၊ ဖက်ဘလက်မျိုးဖြစ်မယ်လို့ သိထားပါတယ်။
Xiaomi က ကြော်ငြာမိတ်ဆက်လုပ်ထားတဲ့ပုံအရ Mi Max ဖုန်းဟာ
ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်ယူသွားနိုင်လောက်တဲ့ ဒီဇိုင်းလည်းရှိတာကြောင့်၊
အရမ်းအကြီးကြီးမဟုတ်ဘဲ၊ ၆.၄ လက်မအရွယ် display လောက်နဲ့ ဖြစ်နိုင်ပါတယ်။
Mi Max ထက် စိတ်ဝင်စားစရာကောင်းတဲ့သတင်းကတော့ MIUI 8 ထွက်မယ့်သတင်းပါ။
Xiaomi ဟာ ကုမ္ပဏီရဲ့ Android အခြေခံ ကိုယ်ပိုင် OS ဖြစ်တဲ့ MIUI
နောက်မျိုးဆက်အသစ်ကို မေလ ၁၀ ရက်နေ့မှာပဲ စတင်မိတ်ဆက်သွားမှာဖြစ်ပြီး၊ MIUI
ရဲ့ notification bar ပုံစံအသစ်ကို ဗီဒီယိုနဲ့တကွ အနည်းငယ်မိတ်ဆက်
ပြသထားပါတယ်။
ယခု MIUI 8 ဟာ ဆန်းသစ်တဲ့ဒီဇိုင်း၊ အတွေ့အကြုံအသစ်တို့ကို ပေးစွမ်းမှာ
ဖြစ်ပြီး၊ ပရိတ်သတ်တွေ အမြဲလိုချင်နေတဲ့ feature တွေကိုလည်း
ထည့်သွင်းပေးထားကြောင်း၊ MIUI ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
အခုဆိုရင် MIUI OS ကို တစ်ကမ္ဘာလုံးမှာအသုံးပြုသူပေါင်း သန်း ၁၅၀
ကျော်ရှိနေပြီလို့လည်း Xiaomi က ဂုဏ်ယူစွာ ရေးသားထားတာကို တွေ့ရပါတယ်။
Ref: MIUI, News18
Credit to ==> Digital Times

0 comments:
Post a Comment