♪ iPhone အားနည်းချက်နှင့်ပတ်သက်၍ Apple ကို FBI သတိပေး ♫


ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်တွင် FBI သည် iPhone နှင့် Mac ဆော့ဖ်ဝဲအတွင်းရှိ အားနည်းချက်အတွက် Apple ကို အသိပေးခဲ့သည်။ FBI က Apple ထုတ်ကုန်များအတွင်းရှိ အားနည်းချက်နှင့်ပတ်သက်သော သတင်းအချက်အလက်များ ဝေမျှမှုသည် အိမ်ဖြူတော်၏ အငြင်းပွားဖွယ်လုပ်ငန်းစဉ်များ လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း Apple မှ Reuters သို့ပြောကြားခဲ့သည်။

ဖက်ဒရယ်ဗျူရိုစုံစမ်းစစ်ဆေးရးအဖွဲ့သည် လုံခြုံရေးအားနည်းချက်ဆိုင်ရာ သတင်းအချက်အလက်ကို Vulnerability Equities Process အမည်ရသောစစ်ဆေးမှုမှ တွေ့ရှိခဲ့သောကြောင့် ကုမ္ပဏီသို့ အသိပေးခဲ့ကြောင်း Apple ကပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်သည် အသိပေးရန် လိုအပ်သည့် နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များကို ဥပဒေအဖွဲ့အစည်းနှင့် အမေရိကန်ထောက်လှမ်းရေးက ထိုးဖောက်မည် ဖြစ်သည်။ သို့မှသာ ရာဇဝတ်မှု ကျူးလွန်သူများနှင့် အခြားဟက်ကာများကို အသာစီးမရယူမီတွင် တွေ့ရှိသော အားနည်းချက်များကို ပြင်ဆင်နိုင်မည်ဟု သိရသည်။

Apple ထံသို့အသိပေးခဲ့သည့် အားနည်းချက်မှာ iPhone နှင့် Mac ဗားရှင်းဟောင်းများတွင်လည်း ပါဝင်ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။
Ref: Fortune

Credit to ==> Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment