♪ ဖုန်းဘက်ထရီ သက်တမ်းရှည်စေသော် ♫


မသုံးတဲ့ App တွေ ဖျက်ထားတာ အကောင်းဆုံး
စမတ်ဖုန်း တစ်လုံးထဲတွင် ပျမ်းမျှအားဖြင့် App ၄၂ ခု (မူရင်း ဖုန်း App များ မပါ) ခန့်ရှိသည်။ နေ့စဉ် တကယ်သုံးဖြစ်တာက ဆယ်ခုခန့်သာ။
IOS ။     ။ App ကို  လက်နဲ့ ဖိထားလိုက်ပါ။ အမြှောက်လက္ခဏာလေးကို ထပ်နှိပ်ပြီး ဖျက်လိုက်ပါ။
ANDROID ။ ။ App ကို ဖိနှိပ်လိုက်လျှင် ညာအပေါ်ထောင့်တွင် Uninstall ပေါ်လာမည်။ App ကို ထိုနေရာသို့ ဆွဲသွားလိုက်ပါ။
iOS နှင့် Android စနစ် နှစ်ရပ်လုံးတွင် မူရင်း App များ ကိုတော့ ဖျက်လို့မရ။
နောက်ခံအလုပ်လုပ်နေတာ ထိန်းချုပ်
Facebook, email စသည့် App များ ဖွင့်မထားသည့်တိုင် နောက်ခံကနေ အလုပ်လုပ်နေကြသည်။ သို့မှသာ နောက်ဆုံးဖြစ်ရပ်များ၊ ဝင်လာသည့် Email များ ကို Notification မှာ ပြနိုင်မည်။ Notification ချက်ချင်း မသိရလည်း ပြဿနာမရှိလျှင် နောက်ခံ အလုပ်လုပ်နေတာ ပိတ်ထားလိုက်တာ အကောင်းဆုံး။
IOS ။     ။ Settings> General> Background App
Refresh ထဲဝင်ပြီး App တစ်ခုချင်းစီအနက် နောက်ခံ အလုပ် မလုပ်စေလိုတာများကို ပိတ်ထားလိုက်ပါ။
ANDROID ။ ။ Settings> Data usage ထဲဝင် App တစ်ခုချင်းစီအနက် နောက်ခံအလုပ် မလုပ်စေလိုတာများကို ပိတ်ထားလိုက်ပါ။
Notifications တွေ ပိတ်ထား
မိုးလေဝသ၊ သတင်း၊ အားကစား စသည့် App များသည် တစ်နေ့လုံးလိုလို ထူးခြားချက်ရှိ တိုင်း Notification တွေ ပို့နေတတ်သည်။ အများစုသည် ကိုယ့်အတွက် အရေးမကြီးတာများ ဖြစ်ချင်ဖြစ်နေနိုင်သည်။ စိတ်မဝင်စား ဘူးဆိုပါက ပိတ်ထားလိုက်တာ အကောင်းဆုံး။
IOS ။     ။ Settings> Noti-fications ထဲဝင်ပြီး ကိုယ်စိတ်ဝင်စားသည့် App အချို့ကလွဲပြီး ကျန်တာများ Notification မတက်အောင် ပိတ်ထားလိုက်ပါ။
ANDROID ။ ။ Settings> Sound & notification> App notifications ထဲဝင်ပြီး မလိုတာ တွေ ပိတ်ထားပါ။

Location services တွေ ပိတ်ထား
မြေပုံ၊ မိုးလေဝသ၊ ဆိုရှယ် မီဒီယာ App များသည် သုံးသူ၏ တည်နေရာပေါ် မူတည်ပြီး အသေးစိတ် တိကျသော ဝန်ဆောင်မှုများ ပေးကြသည်။ သို့သော် ဆိုးကျိုးကား ဘက်ထရီ မြန်မြန်ကုန်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တည်နေရာ အသေးစိတ် အချက်အလက်များ မိမိအတွက် မလိုအပ်သေးဘူးဆိုပါက ပိတ်ထားလိုက်တာ အကောင်းဆုံး။
IOS ။     ။ Settings> Privacy> Location Services ထဲဝင်ပြီး App အကုန်လုံးအတွက် တည်နေရာပြစနစ်ကို ပိတ်ပစ်နိုင်သလို၊ တစ်ခုချင်းစီ ရွေးပြီးလည်း ပိတ်ပစ်နိုင်သည်။
ANDROID ။ ။ Settings> General> Location ထဲဝင်ပြီး အပေါ် ညာထောင့်က ခလုတ်လေးကို ပိတ်ထားလိုက်ပါ။
တုန်ခါတာတွေ မလုပ်နဲ့
ဘက်ထရီ သက်တမ်းနဲ့ ပတ်သက်ရင် တုန်ခါအချက်ပေးခြင်းထက် အသံနဲ့အချက်ပေးခြင်းက ဘက်ထရီကုန် သက်သာသည်။
IOS ။     ။ Settings> Sounds ထဲဝင်ပြီး Vibrate ကို ပိတ်ထားပါ။
ANDROID ။ ။ Settings> Sound & Notification ထဲဝင်ပြီး Vibrate ကို ပိတ်ထားလိုက်ပါ။
ဖန်သားပြင် သိပ်မတောက်ပါနဲ့
ဖုန်းဘက်ထရီ အစားဆုံးမှာ ဖန်သားပြင် ဖြစ်သည်။ သို့ဖြစ်ရာ Settings ထဲဝင်ပြီး Battery ထဲ ဝင်ကြည့်လျှင်လည်း ဘက်ထရီ အသုံးဆုံး ထိပ်ဆုံးမှာ Screen (ဖန်သားပြင်) က အများအားဖြင့် နေရာယူနေတာ တွေ့နိုင်သည်။ သို့ဖြစ်ရာ ဖန်သားပြင်ကို ခဏခဏ မဖွင့်လျှင် ကောင်းသည်။ သို့မဟုတ်ပါက ဖန်သားပြင် အရောင်တောက်နှုန်းကို လျှော့ထားပါ။ မှိန်လေ ဘက်ထရီကုန် သက်သာလေ။
IOS ။     ။ Settings> Display & Brightness ထဲဝင်ပြီး Auto Brightness ကို ပိတ်ပါ။ ကိုယ်ကြည့်လို့ အဆင်အပြေဆုံး အနေအထားအထိ ဖန်သားပြင် အရောင်ကို မှိန်လိုက်ပါ။
ANDROID ။ ။ Settings> Display ထဲဝင်ပြီး Adaptive Brightness ကို ပိတ်ပါ။ Brightness level ကို နှိပ်ကာ ကိုယ်ကြည့်လို့ အဆင်အပြေဆုံး အနေအထားအထိ ဖန်သားပြင် အရောင်ကို မှိန်လိုက်ပါ။
ဖန်သားပြင် အလိုလျောက် မြန်မြန်ပိတ်ခိုင်း
အထက်တွင် ဆိုခဲ့သည့်အတိုင်း ဖုန်းဘက်ထရီကုန်အောင် အလုပ်ဆုံးက ဖန်သားပြင်မသုံးဘဲ ဖန်သားပြင် ဒီအတိုင်း ဖွင့်ထားမိသည့် အချိန်တွေ ဘယ်လောက် တောင်များလဲ ပြန်စဉ်းစားကြည့်ပါ။ လန့်စရာနှုန်း ဖြစ်သည်။ သို့ဖြစ်ရာ ကိုယ်မသုံးဘဲ ချထားပြီး ခဏနေလျှင် ဖန်သားပြင် အလိုလျောက် ပိတ်သွားအောင် ချိန်ထားတာ အကောင်းဆုံး ဖြစ်သည်။ ဒီအတိုင်း ချထားပြီး စက္ကန့် ၃၀ မှ တစ်မိနစ်အတွင်း ပိတ်သွားလျှင် အကောင်းဆုံး။
IOS ။  ။ Settings> General> Auto-Lock ANDROID ။ ။ Settings> Display> Sleep
Bluetooth လည်း ပိတ်ထား
အနီးကပ် အီလက်ထရောနစ် ပစ္စည်းအချင်းချင်း ကြိုးမဲ့ဆက် သွယ်နိုင်သော Bluetooth စနစ်သည် ဘက်ထရီ သိပ်စားလှသည်တော့ မဟုတ်။ မည်သို့ပင်ဆိုစေ မသုံးလျှင် ပိတ်ထားတာ ဘက်ထရီအတွက် စိတ်အချရဆုံး။
IOS ။     ။ ဖန်သားပြင် အခြေကို လက်နဲ့ ဆွဲတင်လိုက်လျှင် အကွက်လေး ပေါ်လာမည်။ Bluetooth အကွက်ကို ထောက်ပြီး ပိတ်လိုက်ပါ။
ANDROID ။ ။ Settings> Bluetooth ထဲဝင်ပြီး ပိတ်ထားလိုက်ပါ။
Ref: Long Live Your Phone Battery by Ben Taylor (rdasia.com)

Credit to ==> Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment