♪ Apple ရဲ့ ဝန်ဆောင်မှုနှစ်မျိုးကို ဖျက်သိမ်းခဲ့တဲ့ တရုတ် ♫


တရုတ်နိုင်ငံဟာ Apple ရဲ့ ဝန်ဆောင်မှုအမျိုးအစားနှစ်မျိုးဖြစ်တဲ့ အွန်လိုင်းစာအုပ်နဲ့ ရုပ်ရှင်ဝန်တောင်မှု တို့ကို အစိုးရသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီလို့ ကန့်သတ်ရပ်ဆိုင်းခဲ့တယ်လို့ အင်တာနက်စာမျက်နှာမှာဖော်ပြထားခဲ့ပါတယ်။ နိုင်ငံခြားသားပိုင်ဆိုင်တဲ့ အွန်လိုင်းဂျာနယ်ဝန်ဆောင်မှုတွေ အတွက် စည်းမျဉ်းတွေကို ပြီးခဲ့တဲ့ မတ်လကထုတ်ပြန်ထားတာဖြစ်ပါတယ်။

စည်းကမ်းတွေအရ တရုတ်ပြည်သူတွေသုံးစွဲနေတဲ့ ဒေတာအချက်အလက်တွေကို တရုတ်ပြည်မကြီးမှာ ရှိတဲ့ ဒေတာစင်တာမှာသိမ်းဆည်းရမှာဖြစ်ပါတယ်။ Apple ကတော့ ဒီဝန်ဆောင်မှုနှစ်မျိုးလုံးကို မကြာခင်မှာ ပြန်လည်ရရှိလည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တရုတ်ပြည်မှာ Apple ရဲ့ iBooks စတိုးနဲ့ iTunes Movies ဝန်ဆောင်မှုစာမျက်နှာတွေပေါ်မှာ “unusable” ဆိုပြီးပြနေမှာဖြစ်တယ်လို့ ရိုက်တာသတင်းတစ်ရပ် အရသိရပါတယ်။ ဒီဝန်ဆောင်မှုနှစ်မျိုးလုံးဟာ တရုတ်နိုင်ငံမှာရရှိတာ ခြောက်လခန့်သာကြာမြှင့်သေး တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာရှကိုဖြန့်ချိမယ့် Apple ပစ္စည်းတွေကိုထုတ်လုပ်တဲ့ Apple ရဲ့ ဒုတိယအကြီးဆုံးဈေး ကွက်ဖြစ်တာကြောင့် ဒေသတွင်းမှာ Apple ပစ္စည်းတွေအသုံးပြုမှုလည်း တဖြည်းဖြည်းများပြားလာပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီဝန်ဆောင်မှုကို ဘယ်တော့ပြန်ဖွင့်ပေးခွင့်ပြုမယ်ဆိုတာ မပြောသလို ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းလို့ ဖျက်သိမ်းခဲ့တယ်ဆိုတာလည်း ထုတ်ပြန်ခြင်းမရှိတာဖြစ်ပါတယ်။
Ref: BBC

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment