♪ သင့် အိမ်ထောင်ဖက် ဖောက်ပြန်နေရင် အသိပေးမယ့် မွေ့ယာ ♫

smartress

နည်းပညာမြင့် မွေ့ယာက သင့် အိမ်ထောင်ဖက် ဖောက်ပြန်နေရင် သင့် ဖုန်းထံ Notification ပေးပို့နိုင် ပါတယ်။ Smartress လို့ အမည်ပေးထားပြီး စပိန်နိုင်ငံ La Coruna အခြေစိုက် Drumet က တီထွင်ထားတာပါ။

မွေ့ယာမှာ Sensor ပေါင်း ၂၄ ခုကို တပ်ဆင်ထားပြီး လှုပ်ခါမှုများကို စစ်ဆေးပေးနိုင်ပါတယ်။ မွေ့ယာက သမားရိုးကျ အိပ်ချိန်မှာ လှုပ်ခါမှုနဲ့ ဖောက်ပြန်ချိန်မှာ လှုပ်ခါမှုများကို ခွဲခြား သိရှိနိုင်ပါတယ်။ မွေ့ယာက သမားရိုးကျ မဟုတ်တဲ့ လှုပ်ခါမှုများကို အာရုံခံမိတာနဲ့ သင့်ရဲ့ မိုဘိုင်းဖုန်းထံ အသိပေးမှာဖြစ်ပါတယ်။

မွေ့ယာက အိမ်မွေးခွေး တစ်ကောင် အိပ်ယာပေါ်မှာ ကစားနေချိန်မှာ လှုပ်ခါမှုနဲ့ လိင်ဆက်ဆံချိန်မှာ လှုပ်ခါမှုများကိုတောင် ခွဲခြားပေးနိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment