♪ Android အတွက် ထုတ်ပေးထားတဲ့ Apple Music app မှာ ဂီတဗီဒီယိုတွေပါ ကြည့်နိုင်ပြီ ♫


Apple က Android ပလက်ဖောင်းအတွက် ထုတ်ပေးထားတဲ့ Apple Music for Android အက်ပလီကေးရှင်းမှာ အခုဆိုရင် ဂီတဗီဒီယိုတွေပါ ကြည့်နိုင်ပြီဖြစ်ပါတယ်။

Appe Music for Android အက်ပလီကေးရှင်းဟာ မနေ့က update အသစ်ထွက်လာဖြစ်ပြီး၊ ဗီဒီယိုကြည့်နိုင်တဲ့ feature အပြင်၊ အခုဆို Android သုံးစွဲသူတွေအနေနဲ့ Apple ရဲ့ လစဉ်ကြေးအစီအစဉ်တွေကိုပါ လစဉ်ကြေးသွင်းပြီး ရယူနိုင်တဲ့ဝန်ဆောင်မှုပါ ပါဝင်လာပါတယ်။ အရင်တုန်းက ဒီ feature တွေကို iOS မှာပဲ ရခဲ့တာပါ။

အခုဆိုရင် Android ကနေလည်း Apple Music ရဲ့ မိသားစု plan တွေကို တစ်လ ၁၄.၉၉ ဒေါ်လာနဲ့ လစဉ်ကြေးသွင်းရယူ နိုင်ပြီဖြစ်ပြီး၊ ဒီ မိသားစု plan ကို လူခြောက်ယောက်အထိ သုံးနိုင်ပါတယ်။ တစ်ယောက်တည်းသုံးမယ်ဆိုရင် တော့ တစ်လ ၉.၉၉ ဒေါ်လာပါ။

Apple ဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလတုန်းက Apple Music for Android မှာ သီချင်းတွေကို SD ကတ်ထဲ save လုပ်ထားနိုင်တဲ့ feature ကို ထည့်သွင်းပေးခဲ့ပြီး၊ အခုလည်း လစဉ်ကြေးပေးသုံးနိုင်တဲ့အစီအစဉ်တွေနဲ့၊ ဂီတဗီဒီယို ကြည့်နိုင်တဲ့ဝန်ဆောင်မှုတွေကိုပါ ထပ်မံထည့်သွင်းပေးလိုက်တာကြောင့် Android ဂီတပရိတ်သတ်တွေကို အားကောင်းကောင်းနဲ့ ဆွဲဆောင်နေပုံပေါ်ပါတယ်။

Apple Music for Android အက်ပလီကေးရှင်းကို Google Play Store ကနေ အခမဲ့ဒေါင်းလုဒ်ဆွဲနိုင်ပြီး၊ သုံးလ အခမဲ့စမ်းသုံးခွင့်ရှိပါတယ်။

apple-music-videos21-nexus6p

Ref: The Verge

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment