HTC က One S9 ကို မိတ်ဆက်လိုက်ပါတယ်။ One S9 ဟာ One M9 ရဲ့ သတ္တုကိုယ်ထည် ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒါပေမယ့် One S9 ဟာ ပိုမို ဈေးသက်သာပြီး အရှေ့ဘက်မှာ စပီကာ နှစ်ခု ပါရှိတာက ကွဲပြားမှုဖြစ်ပါတယ်။ One S9 မှာ Android 6 Marshmallow ကို HTC Sense နဲ့ ပေါင်းစပ်ထားပါတယ်။

HTC One S9 ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထက် အနည်းငယ် ပိုမို ကောင်းမွန်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများလောက်တော့ မကောင်းပါဘူး။ HTC One S9 မှာ MediaTek Helio X10 Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာပါရှိပါတယ်။ အရှေ့ဘက်မှာ 2MP UltraPixel Camera တပ်ဆင်ထားပါတယ်။ အလင်းရောင် သိပ်မရတဲ့ နေရာများမှာတောင် အရှေ့ ကင်မရာက ဓါတ်ပုံကောင်းများကို ရိုက်ကူးပေးနိုင်ပါတယ်။

HTC One S9 မှာ ၅ လက်မ Full HD Display , 2GB RAM , 16GB Storage , 2840mAh Battery တပ်ဆင်ထားပါတယ်။ ယူရို ၅၀၀ ( ဒေါ်လာ ၅၆၆) တန်ကြေးရှိပါတယ်။