♪ ကောင်းမွန်ဈေးသင့်သော တရုတ်တက်ဘလက်များ ♫


ဈေးသင့်ပြီးကောင်းမွန်တဲ့ တက်ဘလက်လို့ ပြောလိုက်ရင်တော့ အဖြေက တရုတ်တက်ဘလက်တွေပဲ ဖြစ်ပါတယ်။ တရုတ်တက်ဘလက်တွေဟာ ဒီဂုဏ်ပုဒ်နှစ်ခုလုံးကို တည်ဆောက်ထားနိုင်တဲ့ အရာတွေပါပဲ။ ဒါကြောင့် ကျွန်တော်တို့ စုစည်းထားတဲ့ ကောင်းမွန်ပြီး ဈေးနှုန်းလည်း သင့်တင့်တဲ့ Tablet တချို့ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။
Nokia N1
nokia-n1
Nokia ဟာလာမယ့် ၂၀၁၆ခုနှစ်အကုန်ကျရင် စမတ်ဖုန်းတွေကို သူတို့ရဲ့ Brand နာမည်အောက်ကနေ ထပ်မံရောင်းချတော့မှာမဟုတ်ပါဘူး။ ဒါဟာ ကုမ္ပဏီရဲ့ Microsoft ရဲ့ထောက်ပံ့မှုတွေအတွက် ဘယ်လိုသဘောတူညီခဲ့လဲ ဆိုတာပါ။ ဒါပေမယ့် Redmond အခြေစိုက်ကုမ္ပဏီအနေနဲ့ တက်ဘလက်တွေကိုတော့ ဆက်လက်ထုတ်လုပ်ရောင်းချသွားဦးမှာပါ။
၂၀၁၅ခုနှစ် အစောပိုင်းကာလတုန်းက Nokia N1 ကို တရုတ်နိုင်ငံမှာ ဒေါ်လာ၂၀၀ ဝန်းကျင်နဲ့ရောင်းချခဲ့ပါတယ်။ သင့်တင့်မျှတတဲ့တန်ကြေး ကောင်းမွန်သေသပ်တဲ့ ပုံစံတွေကြောင့် Nokia N1 ဟာရောင်းချပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကုန်သွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ Nokia N1 ဟာ ယခုထိတရားဝင်မရရှိနိုင်သေးပါဘူး။ ဈေးနှုန်းကတော့ နှစ်သိန်း ပတ်ဝန်းကျင်မှာရှိနေပါတယ်။
nokia n1 specifications
Xiaomi Mi Pad
xiaomi-mi-pad
Xiaomi Mi Pad ဟာ Xiaomi Pad တွေရဲ့ ပထမဆုံးမျိုးဆက်ဖြစ်ပေမယ့် အသုံးပြုရတာ အတော်လေးအဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ တက်ဘလက်ရဲ့ အရောင်တွေကလည်းအတော်အဆင်ပြေပြီး တရုတ်တက်ဘလက်တွေထဲမှာတော့ အတော်လေးကို ခံ့ခံ့ထည်ထည်ရှိပါတယ်။ မျက်နှာပြင်အကျယ်က ၇.၉လက်မ၊ 2048 x 1536 pixels Resolution ရှိပါတယ်။ Xiaomi Mi Pad ဟာ 16GB ဒါမှမဟုတ် 64GB internal storage ပါရှိပါတယ်။ ဒါကို SD ကတ်စိုက်ပြီးတော့လည်း ထပ်မံချဲ့ထွင်နိုင်ပါသေးတယ်။ Xiaomi Mi Pad ဟာယခုအခါမှ ထုတ်လုပ်တာ တစ်နှစ်ရှိပြီဖြစ်ပေမယ့် တရုတ်တက်ဘလက်တွေထဲမှာ အသုံးပြုလို့ကောင်းတဲ့ တက်ဘလက်အဖြစ် ကျန်ရှိနေဆဲပါပဲ။ ဈေးနှုန်းကတော့ နှစ်သိန်းအောက်သာရှိပါတယ်။
mi pad specification
Xiaomi Mi Pad 2
xiaomi-mi-pad-2

တကယ်လို့ သင့်အနေနဲ့ ပလက်စတစ်ကာဗာ အုပ်ထားတဲ့ တက်ဘလက်တွေကိုမလိုချင်ဘူးဆိုရင်တော့ Mi Pad 2 ကသင့်အတွက် အဆင်ပြေစေပါလိမ့်မယ်။ ပထမမျိုးဆက် Mi Pad ကို အဆင့်မြှင့်တင်ထားတဲ့ Mi Pad 2 ဟာ အရင်မျိုးဆက်ထက်ပိုမိုကောင်းမွန်တယ်ဆိုတာပြောစရာမရှိပါဘူး။ အရင်ထက်ပိုပါးလွှာသွားသလို၊ Premium ဆန်တဲ့ ဒီဇိုင်းပုံစံက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။ ပထမမျိုးဆက်လိုပဲ မျက်နှာပြင်အကျယ် ၇.၉ လက်မနဲ့ လာတာဖြစ်ပြီး Resolution အနေနဲ့ 2048 x 1536 pixels ရှိပါတယ်။ ဈေးနှုန်းကတော့ နှစ်သိန်းနှစ်သောင်းပတ်ဝန်းကျင်မှာရှိပါတယ်။

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment