♪ ဗီဒီယိုများ ရိုက်ကူး၊ မှတ်သား၊ ကြည့်ရှုနိုင်သော စမတ်မျက်ကပ်မှန်တစ်မျိုးကို Sony မူပိုင်ခွင့်တင် ♫


Mission Impossiblie ရုပ်ရှင်တွေထဲမှာ ပါဝင်တဲ့ နည်းပညာမြှင့်မျက်ကပ်လို မျက်ကပ်မှန်အမျိုးအစားတစ်မျိုးကို ဂျပန်ကုမ္ပဏီ Sony ကမူပိုင်ခွင့်တင်လိုက်ပါပြီ။ Sony ရဲ့ စမတ်မျက်ကပ်ဟာ ဗီဒီယိုမှတ်တမ်းတင်တာတွေ၊ ဗီဒီယိုကြည့်တာတွေကို မျက်တောင်ခပ်တဲ့ အချက်တွေပေါ်မူတည်ပြီးတော့ လိုက်လံဆောင်ရွက်မှာဖြစ်ပါတယ်။
ဂျပန်သိပ္ပံပညာရှင် ၇ယောက်တီထွင်ခဲ့တဲ့ ဒီမျက်ကပ်မှန်ဟာ ကင်မရာ၊ ကြိုးမဲ့နည်းပညာနဲ့ မှတ်ဥာဏ်စနစ်တွေပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်အနေနဲ့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ Video တွေကိုကြည့်ရှုတာတွေ ပြုလုပ်နိုင်မှာပါ။ Smasung ရဲ့ အရင်လအစောပိုင်းတုန်းက မူပိုင်ခွင့်တင်ခဲ့တဲ့ စမတ်ဖုန်းနဲ့တွဲဖက်အလုပ်လုပ်မယ့် မျက်ကပ်မှန်နဲ့တော့ တူညီမှာမဟုတ်ပါဘူး။
sony contact lenses2
Sony ရဲ့ စမတ်မျက်ကပ်မှာ မျက်တောင်ဖွင့်ပိတ်တဲ့အချိန်ပေါ်မူတည်ပြီးတော့ အလုပ်လုပ်မယ့် ဆင်ဆာတစ်မျိုးကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ “သာမန်မျက်တောင်ခတ်တဲ့အချိန်ဟာ ၀.၂စက္ကန့်ကနေ ၀.၄စက္ကန့်အထိပဲ ကြာမြင့်တတ်ပါတယ်။ ဒီအချက်ကို မျက်ကပ်မှန်ကသိနိုင်ပါတယ်။ ၀.၅ စက္ကန့်ထက်ကြာမြင့်ရင်တော့ ဒါဟာ သတိပေးချက်တစ်မျိုးအဖြစ် ယူဆမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။
အသုံးပြုသူတွေအနေနဲ့ မျက်ကပ်မှာပါတဲ့ ကင်မရာကို မျက်တောင်အဖွင့်အပိတ်ပေါ်မူတည်ပြီး ဖွင့်နိုင်ပိတ်နိုင်မှာပဲဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ စမတ်ဖုန်းကနေတစ်ဆင့် မျက်ကပ်ကို ထိန်းကျောင်းနိုင်မယ့် ပုံစံပဲဖြစ်ပါတယ်။
Ref: Daily Mail

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment