ဆန်ဘာဒီနို
ပစ်ခတ်မှုတွင် ပါဝင်သူတစ်ဦး၏ iPhone ကို unlock ပြုလုပ်နိုင်ရန် FBI က
Apple နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့စဉ်တွင် လူသတ်မှုဖြင့် စွပ်စွဲခံထားရသော
The Shield တီဗီရှိုး သရုပ်ဆောင် မိုက်ကယ်ဂျေ့စ်၏ ဇနီးပိုင်ဆိုင်သည့် iPhone
5s ကို လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ (LAPD) က ထိုးဖောက်နိုင်ခဲ့ကြောင်း
သိရသည်။ မိုက်ကယ်ဂျေ့စ်သည် ဇနီးဖြစ်သူကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသူ
ဖြစ်သည်။
FBI သည် ဆန်ဘာဒီနို သေနတ်သမား၏ iPhone 5c ကို unlock ပြုလုပ်ရန်အတွက် Apple ထံတောင်းဆိုခဲ့ချိန်တွင် LAPD က iPhone 5s လုံခြုံရေးစနစ်ကို ရှောင်လွှဲနိုင်သည့်နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
LAPD ဌာနမှ ကွန်နီဇက်၏ မတ်လ ၁၈ ရက် ရှာဖွေမှုဝရမ်းတွင် ရေးသားဖော်ပြချက်အရ ဌာနအနေဖြင့် lock ဖြစ်နေသော iPhone ကို ကျော်ဖြတ်နိုင်သည့် မှုခင်းဆေးပညာဆိုင်ရာ ဆဲလ်ဖုန်းကျွမ်းကျင်ပညာရှင်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါဝရမ်း၌ LAPD က iPhone 5s ကို unlock ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် နည်းလမ်းအသေးစိတ်အား မဖော်ပြခဲ့သလို ဆဲလ်ဖုန်းကျွမ်းကျင်ပညာရှင် မည်သူမည်ဝါဖြစ်ကြောင်ကိုလည်း ဖော်ပြခဲ့ခြင်း မရှိပေ။
Ref: LATimes

0 comments:
Post a Comment