♪ “Intex Aqua Dream II” ♫


ပြည်တွင်းဈေးကွက်ထဲတွင် ရောင်းချထားသော နည်းပညာပစ္စည်းများရဲ့ ပင်မနိုင်ငံများသည် အမျိုးမျိုး ကွဲပြားပါတယ်။ တရုတ်နိုင်ငံထုတ်ပစ္စည်းများ ရှိသလို၊ ဖိလစ်ပိုင်ကုန်ပစ္စည်းများလည်း ရောင်းချကြပါတယ်။ စင်ကာပူ ထုတ်ကုန် အမှတ်တံဆိပ်များလည်းရှိကာ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ နည်းပညာပစ္စည်း များကိုလည်း ၀ယ်ယူနိုင်ပါတယ်။

တရုတ်နှင့် အိန္ဒိယ နိုင်ငံ တို့ကလည်း နည်းပညာထုတ်ကုန်များကို တင်သွင်းရောင်းချကြပါတယ်။ အိန္ဒိယနိုင်ငံမှ Intex အမှတ်တံဆိပ်ဖုန်းများသည် တန်ဖိုးသိပ်မများပါဘူး။ ကောင်းမွန်သော စွမ်းဆောင်ရည်များလည်း ပါရှိပါတယ်။ ရန်ကုန်မြို့တွင် သာမက နယ်မြို့များမှာလည်း ၀ယ်ယူသုံးစွဲနိုင်ပါတယ်။ Intex စမတ်ဖုန်း များထဲကမှ Aqua Dream II သည် 157 × 79 × 7.9 mm အရွယ်အစား ရှိကာ ဖုန်းရဲ့ အလေးချိန်သည် ဘက်ထရီပါ ပါဝင်မယ်ဆိုရင် 170.8 g ရှိပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ကတော့ လေးထောင့်ပုံစံရှိပြီး ထိပ်ဘက် ထောင့်များတွင် အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ် အ၀န်းဟာ 5.5 inches ရှိတာကြောင့် မြင်ကွင်းပိုင်းနဲ့ ပတ်သက်၍ အားပါး တရ ခံစားနိုင်ပါမယ်။ ထောက်ပံ့ပေးထားသော Network အမျိုးအစား ကတော့ GSM နဲ့ WCDMA ဖြစ်ပါတယ်။

ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်တာ ကြောင့် ဖုန်းနံပါတ်များစွာ ကိုင်ဆောင် အသုံးပြုနေသူများ အဆင်ပြေပါလိမ့် မယ်။ ထည့်သွင်းပေးထားသော CPU စွမ်းရည်သည် Quad Core 1.2 GHz ဖြစ်ခြင်းကြောင့် ဖုန်းကို အသုံးပြုတဲ့အခါတွင် လျင်မြန်သောတုံ့ပြန်မှုကို ပေးစွမ်းပါလိမ့်မယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1GB ထည့်သွင်း ပေးထားပြီး ROM ကို 8GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ ကင်မရာနှစ်မျိုးနှစ်စားပါရှိပြီး အဓိကကင်မရာသည် 8MP စွမ်းရည်ရှိကာ၊ ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ KitKat ပါ။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီဟာ Li-Po 2300 mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/WCDMA
Screen - 5.5 inches
CPU - Quad Core 1.2GHz
OS - Android OS,v4.4.2
Memory - 8GB
Bluetooth - Yes
Contact - 09-972274433
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment