♪ Nexus ဖုန်းတွေအတွက် OTA ဖိုင်တွေကို Google Developers ၀က်ဘ်ဆိုဒ်မှာတင် ရယူနိုင်ပြီ ♫


Google ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Google Developers ၀က်ဘ်ဆိုဒ်ကို မနေ့က အသေးစားပြင်ဆင်မှု လေးတစ်ခုလုပ်ခဲ့ပါတယ်။ အသေးစားပြင်ဆင်မှုဆိုပေမယ့်၊ Nexus ဖုန်းပိုင်ရှင်တွေအတွက်တော့ အမိုက်စားလို့ ဆိုရမှာပါ။
အခုအချိန်ကစပြီး Google Developers ၀က်ဘ်ဆိုဒ်မှာ Nexus ဖုန်းအားလုံးအတွက် factory image ဖိုင်တွေအပြင်၊ OTA (over-the-air) update ဖိုင်တွေကိုပါ အခမဲ့ရယူနိုင်ပြီဖြစ်ပါတယ်။
အဆိုပါ OTA ဖိုင်ရှိရင်၊ system image ဖိုင်ကြီးတစ်ခုလုံးကို ဒေါင်းလုဒ်ဆွဲစရာမလိုတော့ဘဲ မိမိရဲ့ Nexus ဖုန်း (သို့) တက်ဘလက်ကို ကွန်ပြူတာကနေ “adb sideload” command သုံးကာ၊ ကိုယ်တိုင် update လုပ်နိုင်ပြီဖြစ်ပါတယ်။ ဒီ့အပြင် update လုပ်နေစဉ်မှာ မတော်မဆဒေတာတွေပျက်သွားမှာကိုလည်း စိတ်ပူနေစရာလဲမလိုတော့ပါဘူး။
ADB tool သုံးတတ်သူတွေအဖို့တော့၊ Google Developers ၀က်ဘ်ဆိုဒ်မှာတင် OTA ဖိုင်တွေ တင်ပေးထားတာကြောင့်၊ Nexus ဖုန်းတွေကို ကိုယ်တိုင် update လုပ်ရာမှာ ပိုအဆင်ပြေသွားမှာဖြစ်ပြီး၊ direct download link ပါ ပေးထားတာကြောင့်၊ ဒေါင်းလုဒ်ရဖို့ ဟိုဟိုဒီဒီထပ်သွားနေစရာလည်း မလိုပါဘူး။
Nexus ဖုန်းတွေကို manually update လုပ်ဖို့အတွက် OTA ဖိုင်လိုချင်တယ်ဆိုရင် ဒီလင့်ခ်ကနေ Google Developers ဆိုက်ကိုသွားကာ ရယူနိုင်ပါတယ်။

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment