♪ OPPO ၏နောက်ဆုံးထုတ် F1 Plus ကင်မရာဖုန်းသစ်က Selfie လောကကို အမှန်တကယ် စိုးမိုးနိုင်မည်လား ♫


ကင်မရာရိုက်ကူးမှုအပိုင်းနှင့်ပတ်သတ်၍ ယနေ့ခေတ်စမတ်ဖုန်းလောကကိုကြည့်လိုက်မည်ဆိုပါက ပင်မနောက်ကင်မရာက ရှေ့ကင်မရာအရည်အသွေးထက်ပိုကောင်းသည့် အမျိုးအစားကိုသာ အသုံးပြုနေကြခြင်းဖြစ်သည်။ သို့ရာတွင် OPPO က မိတ်ဆက်ပေးလိုက်သည့် F1 Plus ဖုန်းမှာမူ လက်ရှိစမတ်ဖုန်းကင်မရာသုံးစွဲမှုပုံစံကို ပြန်လည်ဖန်တီးပေးလိုက်သကဲ့သို့ဖြစ်သွားစေခဲ့သည်။ အဆိုပါ F1 Plus ဖုန်း၏ရှေ့ကင်မရာမှာ နောက်ကင်မရာထက်ပိုကြီးသည့် 16MP အမျိုးအစားကိုအသုံးပြုပေးထားခြင်းဖြစ်ပြီး နောက်ကင်မရာမှာမူ ပုံမှန် standard ဖြစ်သော 13MP အမျိုးအစားကိုအသုံးပြုပေးထားခြင်းဖြစ်သည်။ ယခုအချက်ကိုကြည့်မည်ဆိုပါက OPPO F1 Plus မှာ Selfie ရိုက်ကူးမှုအပိုင်းကို ပိုမိုအလေးပေးထားခြင်းဖြစ်ကြောင်း ပိုမိုသိသာစေပြီး ယနေ့ခေတ် Selfie လောကကို အမှန်တကယ်စိုးမိုမှုရှိလာမည်လားဟု မေးခွန်းထုတ်စရာဖြစ်လာစေမည်ဖြစ်သည်။ F1 Plus မှာ ယခင်ကဈေးကွက်ထဲတွင် လူကြိုက်များခဲ့သည့် OPPO F1 Selfie ဘုရင် ကင်မရာဖုန်းပေါ်တွင် အခြေခံကာ အဆင့်မြှင့်တင်ထုတ်လုပ်ပေးလိုက်သော upgraded version ဖုန်းတစ်လုံးလည်းဖြစ်သည့်အတွက် Selfie ရိုက်ကူးမှုတွင် ပိုမိုကောင်းမွန်သော ထိတွေ့သုံးစွဲမှုများကိုရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
2





3ရှေ့ကင်မရာအတွက် Fix Autofocus စနစ်ကိုသုံးထားပြီး အလင်းတံခါး f/2.0 large aparture ကိုအသုံးပြုထား၍ ပုံမှန်ထက်အလင်းဝင်ရောက်မှုအား ၄ဆပိုမိုကောင်းမွန်စေသည့်အတွက် ကြည်လင်ပြတ်သားသည့်ပုံများကို ဖမ်းယူရရှိနိုင်စေမည်ဖြစ်သည်။ ယခုကင်မရာပိုင်းသုံးစွဲမှုအတွက် OPPO ကဖန်တီးပေးထားသည့် Beautify 4.0 version ကိုပါထည့်သွင်းပေးထားခြင်းကြောင့် ပိုမိုညက်ညောလှပပြေပြစ်သည့် အသားအရေမျိုးကိုပါ ရရှိစေဦးမည်ဖြစ်သည်။ ယခင်ကမပါဝင်ခဲ့ဖူးသော ရှေ့ဘက်ကင်မရာဖြင့် အုပ်စုလိုက်ပုံ Selfie panorama ရိုက်ယူခြင်းကိုပါပြုလုပ်နိုင်မည်ဖြစ်ပြီး ၁၂၀ ဒီဂရီအတိုင်းအတာအကျယ်အထိ မြင်ကွင်းကျယ်ပုံကိုရယူနိုင်စေမည်ဖြစ်သည်။ ထို့အပြင် အလင်းအားနည်းသည့်အချိန်မျိုးတွင် Selfie ရိုက်ကူးခြင်းအတွက် အလင်းချိန်ညှိမှုစနစ်ပါဝင်သော Screen Flash ကိုပါသုံးနိုင်စေသလို F1 တွင်နာမည်ကြီးခဲ့သည့် လက်ကလေးလှုပ်ရမ်းလိုက်ခြင်းဖြင့် သူ့အလိုအလျောက်ဓာတ်ပုံရိုက်ပေးမည့် Palm Shutter စနစ်ကိုလည်း ပြန်လည်အသုံးပြုနိုင်စေမည်ဖြစ်သည်။
နောက်ဘက်ကင်မရာမှာ ISOCELL နည်းပညာသုံး lens အမျိုးအစားကိုသုံးထားသလို ၀.၁ စက္ကန့်အတွင်းမှာပင် Auto Focus ဖြတ်ပေးနိုင်စေမည့် Phase Detection Autofocus (PDFA) စနစ်ပါဝင်ခြင်းကြောင့် ရွေ့လျားပုံရိပ်များကိုလည်း ပိုမိုကြည်လင်ပြတ်သားစွာဖြင့် ရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။ ရှေ့နောက် ကင်မရာ၂မျိုးစလုံးဖြင့် Full HD video များကိုရိုက်ယူနိုင်စေမည်ဖြစ်သည်။

5

 
ယခု F1 Plus ဖုန်းတွင် လုပ်ဆောင်မှုအလွန်မြန်ဆန်သည့် Touch Access ခေါ် Fingerprint စနစ်ကို ရှေ့ဘက် Home key တွင်ထည့်သွင်းပေးထားကြောင်းသိရှိရပြီး ဖုန်း unlock ဖွင့်ခြင်းကို တစ်စက္ကန့်၏၅ပုံ၁ပုံဖြစ်သော ၀.၂ စက္ကန့်အတွင်းမှာပင် လုပ်ဆောင်နိုင်စေမည်ဖြစ်၍ လက်ရှိထုတ်ထားသော iPhone 6s Plus  ၏ Fingerprint ထက်ပင်ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။ Software ပိုင်းတွင် OPPO ၏ အသစ်စက်စက် ColorOS 3.0 ကို Android OS 5.1 (Lollipop) ဖြင့်ပေါင်းစပ်အသုံးပြုပေးထားပြီး ရိုးရှင်းလွယ်ကူသောအသွင်ဒီဇိုင်းမျိုးဖြင့် ထိတွေ့သုံးစွဲရမည်ဖြစ်သလို ColorOS သစ်၏ပံ့ပိုးထားမှုကြောင့် ဖုန်း၏လုပ်ဆောင်မှုများမှာ ယခင် ColorOS 2.1 နှင့်နှိုင်းယှဉ်ပါက များစွာမြန်ဆန်လာစေမည်ဖြစ်ကြောင်း သိရသည်။ app များဖွင့်သည့်အပိုင်းတွင် 32% မှ 35% အထိပိုမိုမြန်ဆန်လာသလို data processing speed တွင်လည်း 50% အထိမိုမြန်လာကာ app installation speed တွင်မူ 41%အထိ မြန်ဆန်လာစေမည်ဟု သိရှိရသည်။ ထို့အပြင် F1 Plus တွင် data အချက်အလက်များကို virus အန္တရယ်မှကာကွယ်ပေးနိုင်စေရန် ကမ္ဘာကျော် Avast software ကုမ္ပဏီ၏ anti-virus software ကိုပါ ဖုန်းအတွင်းထည့်သွင်းပေးထားပြီး Security Center ထဲမှတစ်ဆင့် လွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်သည်။
OPPO F1 Plus မှာ phablet အတန်းအစားဖြစ်သော Full HD 5.5-inch အရွယ်စားရှိပြီး AMOLED display ကြောင့် ကြည်လင်ပြတ်သားမှုအပြည့်ဖြင့်သုံးစွဲနိုင်သလို ရုပ်ကြွမျက်နှာပြင်ဖြစ်သော 2.5D Arc edge screen နှင့်ပါပေါင်းစပ်အသုံးပြုပေးထားသည်။ မျက်နှာပြင်အကြမ်းခံနိုင်စေရန်အတွက် Corning Gorilla Glass 4  ဖြင့် ဖုံးအုပ်ကာကွယ်ပေးထားသည်။
Hardware ပိုင်းတွင် MediaTek ၏ Helio P10 chipset ကို အသုံးပြုပေးထားပြီး Octa Core 2.0 GHz နှုန်းဖြင့် အလုပ်လုပ်ပေးမည်ဖြစ်သည်။ MediaTek အမျိုးအစား chipset ကိုသုံးထားခြင်းကြောင့် စွမ်းဆောင်မှုအပိုင်းနှင့် ပတ်သက်၍ အနည်းငယ်မေးခွန်းထုတ်စရာရှိသော်လည်း ယခု Helio P10 chipset မှာ 4G ကွန်ရက်၊ Performance အမြင့်ပိုင်းနှင့် ကိုယ်ထည်ပါးလွှာမှုတို့ကို ဦးစားပေးလိုသော စမတ်ဖုန်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် ပုံမှန် Benchmark Test တွင် ယခု chipset မှာ ရလဒ်ကောင်းသော ထိပ်ဆုံးပိုင်းတွင် မပါဝင်နိုင်သော်လည်း ညီညွှတ်မျှတသည့်စွမ်းဆောင်မှုကိုရရှိစေမည့်အပြင် battery ပိုင်းတွင်လည်း မလိုအပ်သည့် GPU များအလုပ်လုပ်နေရခြင်းကြောင့် အားအမြန်ကုန်ခြင်းကိုလည်း သက်သာသွားစေမည်ဖြစ်သည်။ ထို့အပြင် ColorOS 3.0 version မှာလည်း လုပ်ဆောင်မှုမြန်ဆန်ခြင်းနှင့် battery အားသက်သာစေခြင်းတို့ကိုပါထောက်ကူပေးဦးမည်ဖြစ်ခြင်းကြောင့် ယခု F1 Plus ဖုန်းတွင် ဖြုတ်တပ်၍ မရသည့် 2850 mAh battery ကိုသာသုံးစွဲထားသော်လည်း တစ်နေ့တာအတွက်လုပ်လောက်သည့်သုံးစွဲမှုမျိုး ရရှိစေမည်ဟု သိရှိရသည်။ Octa Core 2.0 GHz နှင့်တွဲဖက်လုပ်ဆောင်ပေးမည့် RAM မှာ 4GB ဖြစ်၍ အဆင့်မြင့် 3D ဂိမ်းများကို ကောင်းမွန်သွက်လက်စွာဖြင့် ကစားနိုင်စေမည်ဖြစ်သည်။
6








F1 Plus ဖုန်းမှ 4G ကွန်ရက်တွင် အသုံးပြုနိုင်သည့်ဖုန်းအမျိုးအစားဖြစ်ပြီး SIM ကဒ်၂ခုထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ Hybrid SIM ကဒ်ပုံစံမျိုးဖြစ်၍ နောက်ထပ် external SD ကဒ်ထည့်သွင်းအသုံးပြုမည်ဆိုပါက SIM 1 slot ကိုသာ ဖုန်းပြောဆိုခြင်းအတွက်အသုံးပြုနိုင်မည်ဖြစ်ပြီး SIM slot 2 နေရာတွင်မူ SD ကဒ်ကို စိုက်ထည့်အသုံးပြုရမည်ဖြစ်သည်။ ဖုန်းအတွင်း တစ်ပါတည်းပါဝင်လာသည့် built-in storage ပမာဏမှာ 64GB ဖြစ်၍ ပုံမှန်သုံးစွဲမှုအတွက် လုံးဝလုံလောက်မှုရှိစေမည်ဖြစ်သည်။ ဖြုတ်တပ်မလုပ်နိုင်သည့် Li-Po 2850 mAh battery အမျိုးအစားကိုသုံးထားသော်လည်း battery အားသက်သာသည့် Helio P10 chipset နှင့် သစ်စက်စက်ထည့်သွင်းထားသည့် ColorOS 3.0 တို့ကြောင့် Full HD 5.5 display ကိုတစ်နေ့တာအတွက်လုံလောက်အောင်ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ OPPO မူပိုင်အဆင့်မြင့်အားသွင်းနည်းပညာဖြစ်သော VOOC Flash Charge ကိုပါထောက်ပံ့ပေးထားသည့်အတွက် နာရီဝက်အားသွင်းလိုက်ရုံဖြင့် battery အား ၇၅ရာခိုင်နှုန်းအထိ ရရှိစေဦးမည်ဖြစ်သည်။  F1 Plus မှာ သတ္ထုစပ်ကိုယ်ထည်ကိုအသုံးပြုထားပြီး ဘေးဘက်ဘောင်းမှာ အလွယ်တကူလွတ်မကျစေသည့် Slippery Resistant (Side Radian) ဒီဇိုင်းကိုအသုံးပြုထားခြင်းကြောင့် လက်ထဲတွင်ပြေပြစ်ညက်ညောမှုရှိစေသလို ကိုယ်ထည်ကိုလည်း ပွတ်တိုက်စားမှုပေါင်း ၆၈ ကြိမ်အထိပြုလုပ်ထားခြင်းကြောင့် hand feeling တွင်အသာကျထိတွေ့မှုမျိုးကို ရရှိစေဦးမည်ဖြစ်သည်။ ဖုန်း display မျက်နှာပြင်နှင့် ဘေးဘောင်အကွာအဝေးဖြစ်သော bezel မှာ 1.66mm သာရှိ၍ မြင်ကွင်းပြည့်အနေအထားမျိုးကြည့်ရှုခံစားရှိစေမည်ဖြစ်ပြီး ဖုန်းအထူမှာ 6.6mm နှင့် အလေးချိန်မှာ 145g သာရှိခြင်းကြောင့် ပါးလွှာပေါ့ပါးသည့်စမတ်ဖုန်းများထဲတွင်ပါဝင်နေမည်ဖြစ်သည်။
4
အချုပ်ဆိုရလျှင် ယနေ့ခေတ်စမတ်ဖုန်းများတွင် အားနည်းချက်အားသာချက်ကိုယ်စီရှိနေကြသော်လည်း Selfie ရိုက်ကူးမှုကင်မရာအပိုင်းကိုဦးစားပေးလိုသူများ၊ မြန်ဆန်သွက်လက်သည့် Fingerprint စနစ်ကိုသုံးစွဲလိုသူများနှင့် ColorOS 3.0 ၏ညက်ညောသွက်လက်ရိုးရှင်းမှုတို့ကို စမ်းသပ်သုံးစွဲကြည့်ချင်သူများအတွက် OPPO F1 Plus ကသင့်တော်လိုက်ဖက်သည့် စမတ်ဖုန်းထုတ်ကုန်အဖြစ်ရှိနေမည်ဖြစ်ပြီး လက်ရှိဈေးကွက်တွင် ၄၉၉,၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ကာ Gold နှင့် Rose Gold ၂ရောင်ကိုရွေးချယ်နိုင်မည်ဟု သိရှိရသည်။

Credit to ==> http://www.myanmarmobileapp.com/


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment