♪ HTC 10 ရဲ့ အံ့သြစရာကောင်းတဲ့ ကင်မရာ စွမ်းဆောင်ရည်များ ♫


စမတ်ဖုန်းတစ်လုံးဟာ စွမ်းဆောင်ရည်များစွာ လုပ်ဆောင်နိုင်သော်လည်း အသုံးပြုသူတော်တော်များများက ကင်မရာပိုင်းကိုပဲ အဓိကထားပြီး အသုံးပြုလာကြတာတွေ့မြင်ရပါတယ်။ ဒီလိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းလိုက်တဲ့ HTC ဟာ သူတို့ရဲ့  စမတ်ဖုန်း အမျိုးအစား တစ်မျိုးဖြစ်တဲ့ HTC 10 မှာကင်မရာအရည်အသွေးကောင်းမွန်စွာနဲ့ထုတ်လုပ်လာခဲ့ပါတယ်။
htc-10-update-11
Auto HDR စနစ်တွေထည့်သွင်းပေးထားတဲ့အတွက်ကြောင့် အလင်းရောင် နည်းနေတဲ့အချိန်မှာတောင် အရည်သွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အရင်က Laser autofocus ရဲ့ စွမ်းဆောင်ရည်တွေကြောင့် မကောင်းတဲ့ဝေဖန်မှုတွေ ရရှိခဲ့ခြင်းကို ပြန်လည်ပြင်ဆင်ပြီး Laster Autofocus ရဲ့  စွမ်းဆောင်ရည်များကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒ့ါအပြင် ရိုက်ထားပြီးသားဓါတ်ပုံတွေကို Crop ဆွဲလိုက်ရင်လည်း ဝါးမသွားပဲ ကောင်းမွန်တဲ့ Resolution ကိုလည်းပေးစွမ်းနိုင်ပါသေးတယ်။
htc-10-update-10
HTC ဟာ Samsung Galaxy S7 ရဲ့  ကင်မရာစွမ်းဆောင်ရည်နဲ့တောင် ယှဉ်ပြိုင်ပြီး စိန်ခေါ်နိုင်ပါသေးတယ်။ ဓါတ်ပုံရိုက်ရာမှ တိကျသေချာ ပြတ်သားတဲ့ ရုပ်ထွက်တွေနဲ့ ဓါတ်ပုံ ရိုက်သူ စိတ်တိုင်းကျ ပုံတွေကို ရရှိစေအောင် ရိုက်ကူးနိုင်ပါတယ်။ စွမ်းဆောင်ရည်ကောင်းမွန်မှုတွေကို သိရှိနိုင်စေရန်အတွက် HTC10 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်ပြီး အဆောက်အဦး အတွင်းထဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံများကိုသာ မကပဲ အပြင်ဘက်မှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေမှာပါ အရည်အသွေးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို တွေ့မြင်ခံစားနိုင်ပါတယ်။  ဒါကြောင့် HTC 10 ဟာ ၂၀၁၆ ရဲ့  မိုဘိုင်းဖုန်းများထဲမှာကင်မရာအကောင်းဆုံးမိုဘိုင်းဖုန်းတစ်မျိုးဖြစ်လာတော့မှာအမှန်ပါပဲ။
Ref: Android Central
Aung Ko Htet (MMA)
#aungkohtet_mma



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment