အသစ်ထွက်ရှိလာတဲ့ Samsung ရဲ့ Galaxy On7



Samsung ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ  ဖြစ်တာနဲ့အညီ အသုံးပြုသူတို့အကြိုက်တွေ့စေမဲ့ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းများကိုထုတ်လုပ်မြဲဖြစ်ပါတယ်။ အခုဆိုရင်လည်း Samsung Galaxy On7 ဆိုတဲ့ စမတ်ဖုန်းကို မြန်မာမိုဘိုင်းဈေးကွက်အတွင်းသို့ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။ Samsung Galaxy On7 ကို Samsung ရဲ့  အွန်လိုင်းစတိုး Website ဖြစ်တဲ့ http://s-estoremyanmar.com/  မှာ မြန်မာကျပ်ငွေ ၂၂၅,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ Samsung Galaxy On7 ကိုအွန်လိုင်းစတိုးမှာသာသီးသန့် ရောင်းချဖို့အတွက် ရည်ရွယ်ပြီး Galaxy On7 လို့ အမည်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့  အွန်လိုင်းဈေးရောင်းဝယ်မှုဟာ တွင်ကျယ်မှု မရှိသေးတဲ့အတွက်ကြောင့် အပြင် Samsung အရောင်းဆိုင်များတွင်သာမက မိုဘိုင်းဖုန်း လက်လီအရောင်းဆိုင်ကြီးများတွင်လည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ 

Samsung Galaxy On7 ရဲ့  ဒီဇိုင်းဟာ လေးထောင့်ကျကျနဲ့  စွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံမျိုးဖန်တီးထားပါတယ်။ အပြင်ကာဗာကို Samsung Galaxy Note 3 မှာ အသုံးပြုထားတဲ့ သားရေကာဗာ အသုံးပြုထားပါတယ်။ ကင်မရာအမျိုးအစားကတော့ အပြင်ဘက် ကင်မရာ 13MP နဲ့ အတွင်းဘက်ကင်မရာ 5MP ကို အသုံးပြုထားပါတယ်။ Home Button ကို နှစ်ချက်နှိပ်လိုက်ရုံနဲ့ ကင်မရာကို လျင်မြန်စွာ ရိုက်ကူးနိုင်စေတဲ့ Feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။ လက်ဖဝါးပြလိုက်ရုံနဲ့ Selfie ဓါတ်ပုံများကို ရိုက်ကူးနိုင်တဲ့အပြင် ၁၂၀ ဒီဂရီရှိတဲ့ Groupfie ဓါတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ပါတယ်။ Storage အနေနဲ့ 8 GB Storage ကို အသုံးပြုထားပြီး RAM ကိုတော့ 1.5GB RAM အသုံးပြုထားပါတယ်။ နောက်ထပ် 128 GB storage အထိ ထည့်သွင်းအသုံးပြုနိုင်တဲ့ micro SD card slot ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ 

Samsung Galaxy On7 ရဲ့ မျက်နှာပြင်အကျယ်ဟာ . လက်မရှိတဲ့ HD မျက်နှာပြင် အမျိုးအစားဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အသုံးပြုနိုင်တော့မဲ့ 4G network ကို အထောက်အပံ့ပေးထားပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုခြင်း၊ ဂိမ်းကစားခြင်းများကြောင့် ကြာရှည်အသုံးခံမဲ့ 3,000 mAh အမျိုးအစားရှိတဲ့ ဘက်ထရီအမျိုးအစားကို အသုံးပြုထားပါတယ်။

Aung Ko Htet 

#aungkohtet_mdk



0 comments:

Post a Comment