မည်သည့်စမတ်ဖုန်းကိုမဆို
browser တွင်ဖွင့်လျှင် crash ဖြစ်သွားစေမည့် လင့်ခ်တစ်ခုသည်
လူမှုရေးမီဒီယာတွင် လတ်တလော ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
အဆိုပါလင့်ခ် အမည်မှာ crashsafari.com (Chrome browser လည်း crash ဖြစ်သွားစေနိုင် သည်) ဖြစ်ပြီး စက္ကန့်တိုင်းတွင် address bar အတွင်းစာလုံးရေ ထောင်ချီရေးသားကာ browser ကိုပြိုလဲအောင် ပြုလုပ်ပြီး memory ကိုကုန်ခန်းစေမည် ဖြစ်သည်။
ထိုတိုက်ခိုက်မှုတွင် code လိုင်းလေးခုသာ အသုံးပြုထားသည်။ ၎င်း code သည် iPhone သို့မဟုတ် Android တွင် Safari သို့မဟုတ် Chrome နှစ်ခုစလုံးကို crash ဖြစ်စေသလို ဖုန်းကိုလည်း reboot ဖြစ်သွားစေမည် ဖြစ်သည်။ ထို့အပြင် RAM နှင့် CPU အပေါ်မှုတည်၍ desktop browser အချို့တွင်လည်း crash ဖြစ်နိုင်ကြောင်း သိရသည်။
လူများအနေဖြင့် URL အတိုများဖြင့် အယောင်ဆောင်၍ လူမှုရေးမီဒီယာတွင် ဖြန့်ချိလျက်ရှိကာ ၎င်းလင့်ခ်ကို ဖွင့်လှစ်ရန် အခြားသူများကို လှည့်စားနေကြကြောင်း သိရသည်။ ၎င်းလင့်ခ်ကြောင့် browser များမှာ reboot ပြီးဆုံးသည့်တိုင်အောင် ဖွင့်နိုင်ခြင်း မရှိကြောင်း သိရသည်။
၎င်း bug မှာအန္တရာယ်မရှိသလို မည်သည့်အရာကိုမျှ ပျက်စီးခြင်း မဖြစ်စေသလို အလွယ်တကူ ပြုပြင်နိုင်သော အရာဖြစ်သည်။
Ref: TheNextWeb

0 comments:
Post a Comment