၂၀၁၅ ခုနှစ်ထုတ်ဖုန်းများတွင် iPhone 6s သည် Performance အကောင်းဆုံးဖုန်းဖြစ်

Screen Shot 2016-01-14 at 1.30.49 PM
စမတ်ဖုန်းများ၏လုပ်ဆောင်ချက် ၊ မြန်နှုန်း ၊ အရည်အသွေးတို့ကိုတိုင်းတာပေးနေသည့် AnTu Tu Benchmark ရဲ့စစ်တမ်းအရ iPhone 6s Plus သည် ၂၀၁၅ ခုနှစ်အတွင်းထုတ်လုပ်ခဲ့သမျှဖုန်းများတွင် Performance အကောင်းဆုံးဖုန်းအဖြစ်ရပ်တည်နေကြောင်းသိရသည်။ ဒုတိယ Performance အကောင်းဆုံးဖုန်းအဖြစ် Huawei ထုတ် Huawei Mate 8 ကရပ်တည်နေပြီး Meizu ၏ Meizu Pro 5 ကလည်းတတိယနေရာတွင်ရပ်တည်နေကြောင်းသိရသည်။
2015-top-smartphones
Samsung ထုတ်ဖုန်းများဖြစ်သည့် Samsung Galaxy Note 5 နှင့် S6 Edge+ တို့မှာ ထိပ်ဆုံးဇယား၏ နံပါတ် လေး နှင့် ငါး နေရာခန့်တွင်သာရှိနေသည်ကိုလည်းတွေ့ရသည်။ AnTu Tu Benchmark အနေဖြင့် ဖုန်းတစ်လုံးချင်းစီ၏ Chipset model, graphic performance , speed performance တို့ကိုအခြေခံ၍ အမှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒါကြောင့် A9 Processor သုံးထားတဲ့ iPhone 6s model များဟာ ၂၀၁၅ ခုနှစ်ထုတ်ဖုန်းများအနက် Performance အကောင်းဆုံးအဖြစ်သတ်မှတ်ခံရပြီး iPhone 7 ကျရင်လည်း ဒီထက်ပိုမိုမြန်လာဖွယ်ရှိကြောင်းသိရပါတယ်။

Source: Antutu
Credit MMAS
 www.thihahtike.com
သီဟထိုက်

0 comments:

Post a Comment