♪ LeEco က Le Max နှင့် Le 1S တို့ကို မိတ်ဆက် ♫


ယခင် LeTv ဟု သိကြသော LeEco က Le Max နှင့် Le 1S စမတ်ဖုန်းအသစ်နှစ်လုံးကို အိန္ဒိယတွင် မိတ်ဆက်လိုက်ပါသည်။ စွမ်းဆောင်ရည်မြင့် Le Max ၏ 64GB Version ကို ရူပီး ၃၂ ၉၉၉ နှင့် 128GB ကို ရူပီး ၆၉၉၉၉ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ 32GB ထည့်သွင်းထားသော တန်ဖိုးနည်း Le 1S ကို ရူပီး ၁၀၉၉၉ သတ်မှတ်ထားပါသည်။

Le Max စမတ်ဖုန်းတွင် ၆.၃၃ လက်မ Quad HD Display တပ်ဆင်ထားပြီး အနောက်ဘက်တွင် Fingerprint Scanner ပါရှိပါသည်။ Snapdragon 810 Processor မောင်းနှင်မည်ဖြစ်သည်။ 4GB RAM, 64GB Storage ထည့်သွင်းထားပါသည်။ အနောက်ဘက်တွင် 21MP Camera နှင့် အရှေ့ဘက်တွင် 4 Ultrapixel Camera တပ်ဆင်ထားပါသည်။ LeEco က LeTouch Fingerprint Scanner က ဖုန်းကို Unlock ပြုလုပ်ရန် ၀.၀၉ စက္ကန့် ကြာမြင့်မည်ဟု ပြောပါသည်။ Android 5.0 , 3400mAh Battery တပ်ဆင်ထားပါသည်။ Dual SIM Phone ဖြစ်ပြီး 4G LTE ကိုထောက်ပံ့ပါသည်။ USB Type-C Port ပါရှိပါသည်။

Le 1s တွင် ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် LED Flash ပါရှိပါသည်။ အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 3000mAh Battery , MediaTek Helio X10 Processor , 3GB RAM, 32GB Storage တပ်ဆင်ထားပါသည်။ Dual SIM Phone ဖြစ်ပြီး 4G LTE ကိုထောက်ပံ့ပါသည်။ Fingerprint Scanner , USB Type-C Port ထည့်သွင်းထားပါသည်။


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment