♪ “Meizu MX3” ♫


နည်းပညာပစ္စည်းပိုင်းနဲ့ပတ်သက်၍ ၀ယ်လိုအားကောင်းသည့် ဈေးကွက်ထဲ တွင်
တရုတ်နိုင်ငံဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ နိုင်ငံတွင်း တည်ထောင်
ထုတ်လုပ်ထားသည့် ကုမ္ပဏီများရဲ့ ပစ္စည်းတွေကို ၀ယ်ယူ အားပေးရုံသာမကဘဲ
အခြားနိုင်ငံများမှ ထုတ်လုပ်သည့် နည်းပညာ ပစ္စည်း
များကိုလည်း သုံးစွဲကြပါသေးတယ်။ နည်းပညာပစ္စည်းပိုင်းနဲ့ပတ်သက်၍
အခြားနိုင်ငံထုတ် အမျိုးအစားတွေကို ၀ယ်ယူ သုံးစွဲနိုင်ပေမယ့်စနစ်ပိုင်းမှာတော့ ပြည်တွင်းကခွင့်ပြုထားသည့် လူမှုကွန်ရက် နှင့်စနစ်များကိုသာ
သုံးစွဲကြ ရပါတယ်။


အခြေခံအကြောင်းအရင်းဖြစ်သည့် စမတ်ဖုန်းကို သုံးစွဲခွင့်၊
ထုတ်လုပ်ခွင့်ရရှိနေသည်ကပင် အကျိုးအမြတ်အများကြီး စွမ်းဆောင်ပေးနိုင်ပါတယ်။
ဒါကြောင့်လည်းတရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သည့်
ကုမ္ပဏီများဟာတခြားနိုင်ငံများသို့လည်း
ဈေးကွက်ချဲ့ထွင်နိုင်ကြခြင်းဖြစ်ပါတယ်။ တံဆိပ်များစွာထဲကMeizu
အမျိုးအစားဟန်းဆက်တွေသည်လည်းသုံးစွဲဖို့ အဆင်ပြေစေပါတယ်။ MX3
ဟာ139x71.9x9.1mm အရွယ်အစားရှိပြီး၊ အလေးချိန်ကတော့ 143g ဖြစ်ပါတယ်။
ထည့်သွင်းရမယ့် ဆင်းကတ်အမျိုးအစားကတော့ Micro simပါ။


capacitive
touchscreen ဟာ5.1 inches အကျယ်အ၀န်းရှိပြီး၊ pixels
ပမာဏထောက်ပံ့ပေး ထားမှုကတော့ 1080x1800 ဖြစ်ပါတယ်။ တစ်လက်မ မှာရှိမယ့်
pixelပမာဏသိပ်သည်းဆဟာ412ppi ပါ။ Multitouchစနစ်တွင် Flyme 3.0
ကိုသုံးစွဲနိုင်ပါမယ်။အဓိကကင်မရာက8MP စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့
2MP စွမ်းရည်ဖြစ်ပါတယ်။ cardslotစနစ်မပါရှိ ပေမယ့် internal storage
ကိုလေးမျိုးလေးစား ဖြစ်အောင် ဆောင်ရွက် ပေးထားပါတယ်။ RAMပမာဏကို2GB
ထည့်သွင်းပေးထားပါတယ်။ အသုံးပြု ပေးထားသည့် chipsetအမျိုးအစားကတော့ Exynos 5
Octa 5410 ဖြစ်ပါ တယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီသည် Li-Po 2400mAh
ဖြစ်ပါ တယ်။



<Specification>

Network - GSM/HSPA
Screen - 5.1 inches
Memory - 16/32/64/128 GB
Bluetooth - v4.0
CPU - QC 1.6GHz &QC 1.2 GHz
OS - Android OS, v4.2
Contact - 01-382868

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment