♪ " OPPO Mirror 3 " Price » 179,000 Ks ♫


Price » 179,000 Ks
Contact Phone » 01-371923 ( AMT Mobile )
Specification
» Network : 2G, 3G, 4G (Dual SIM)
» Weight : 130 g
» Display : 4.7", IPS LCD capacitive touchscreen
» Dimensions : 5.42 x 2.71 x 0.35 inch
» Memory : 8GB, 1GB RAM, microSD, up to 128GB
» Camera : 8 Megapixel, Front : 5MP, autofocus, LED flash, Geo-tagging, face detection, HDR, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qualcomm MSM8916 Snapdragon 410 CPU : Quad-core 1.2GHz Cortex-A53
» OS : Android OS, v4.4 (KitKat)

စမတ်ဖုန်းတစ်လုံးရဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်တဲ့ feature တစ်ခုဟာ ကင်မရာကောင်းကောင်း တစ်လုံး ပါဝင်ဖို့ ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းမွန်တဲ့ဓာတ်ပုံတွေကို ဈေးနှုန်းလည်း သက်သာရမယ့် စမတ်ဖုန်း တစ်လုံးနဲ့ ရိုက်လို့ရမယ့် နည်းလမ်းတစ်ခုကို မိုဘိုင်းဖုန်းအသုံးပြုသူတိုင်းက နှစ်သက်လိုလားကြပါတယ်။ ဒီအချက်ကို OPPO က Mid-range တစ်လုံးဖြစ်တဲ့ Mirror 3 နဲ့ အကောင်းဆုံးတင်ဆက်ခဲ့ပါတယ်။

နေ့ခင်းဘက် အလင်းရောင်ရှိတဲ့အချိန်တွေမှာ ရုပ်ပုံကောင်းကောင်း ရိုက်ကူးပေးနိုင်တဲ့ sensors တွေ ပါဝင်တဲ့ဖုန်းတွေ ရှိတယ်ဆိုပေမယ့်လည်း အဲဒီဖုန်းတွေဟာ ပုံမှန်အလင်းထက် လျော့နည်းသွားတဲ့အခါမျိုးမှာ သာမန်အရည်အသွေးထက်တောင် နိမ့်ကျတဲ့ရုပ်ပုံတွေကိုသာ ပေးစွမ်းနိုင်တာကြောင့် OPPO ဟာ Mirror 3 ရဲ့ ကင်မရာအစိတ်အပိုင်းတွေကို အသေးစိတ် ဖန်တီးထုတ်လုပ်ပေးခဲ့ပါတယ်။

OPPO ဟာ backside-illuminated (BSI) Sony IMX 179 sensor သုံးထားတဲ့ 8MP ကင်မရာကို Mirror 3 မှာ တပ်ဆင်ပေးထားပြီး ရည်ရွယ်ချက်က အလင်းရောင်အားနည်းတဲ့အခါ Performance ကောင်းကောင်း လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ Mirror 3 ဟာ OPPO စမတ်ဖုန်းတွေအတိုင်းပဲ ဒီဇိုင်းကွဲပြား သွားတာမျိုးမတွေ့ရပေမယ့် ထိုက်တန်တဲ့ဈေးနှုန်းနဲ့ အဆင့်မြင့်မြင့်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေတဲ့ ဒီဇိုင်းကိုတော့ မြင်တွေ့ရမှာပါ။ မြင်တွေ့နေကျ မျက်နှာပြင်ကြီးမားတဲ့ ဖုန်းတစ်လုံးမဟုတ်ဘဲ ခပ်လတ်လတ် အရွယ်နဲ့ လက်တစ်ဖက်တည်း ကောင်းကောင်းကိုင်သုံးနိုင်ပါတယ်။ ဒါ့အပြင် ကျောပြင်ဟာ အနည်းငယ် ခုံးနေတာကြောင့် ကိုင်ရတာ ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပါတယ်။

ကိုယ်ထည်တစ်ခုလုံးကို ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ခံစားမှုမျိုး ရရှိနိုင်ပါတယ်။ ညာဘက်ခြမ်းက ပါဝါနဲ့ အသံ အတိုး/အလျှော့ခလုတ်တို့ကို အပျော့စားပလတ်စတစ်နဲ့ ဖွဲ့စည်း ထားပြီး micro-USB နဲ့ microphone အပေါက်တို့ကို အောက်ခြေမှာ တွေ့နိုင်ပါတယ်။ ကျောဘက်အဖုံးဟာ ချောမွေ့နေပြီး ပြောင်လက်စေတဲ့ coating တစ်မျိုးနဲ့ ဖုံးအုပ်ထားပါတယ်။ OPPO Mirror 3 ကို အဖြူနဲ့ အပြာအရောင် (၂) မျိုး ရရှိနိုင်ပါတယ်။
OPPO Mirror 3 မှာ စွမ်းဆောင်ရည်အတွက် အဆင့်မြင့်မြင့် ဦးဆောင်နိုင်တဲ့အချက်တွေ မပါဝင် ပေမယ့် 1.2GHz မြန်နှုန်းရှိ quad-core Qualcomm Snapdragon 410 SocC က အကောင်းဆုံး အလုပ်လုပ်ပေးမှာဖြစ်ပြီး Adreno 306 ဂရပ်ဖစ်နဲ့ 1GB RAM တို့ပါ ထည့်သွင်းထားပါတယ်။ ဖုန်းတွင်း သိုလှောင်မှုပမာဏ 8GB ပါဝင်ပြီး ထပ်မံလိုအပ်ခဲ့ရင် microSD နဲ့ 128GB အထိ မြှင့်တင်နိုင်ဦးမှာ ဖြစ်ပါတယ်။ Mirror 3 ရဲ့ ကျောဘက်မှာ အဓိကကင်မရာဟာ 8MP ဖြစ်ပြီး f/2.0 aperture, 5P lens နဲ့ Blue Light Filter တို့ ပါဝင်ပါတယ်။

Selfies တွေအတွက် ရှေ့ဘက်မှာ 5MP ကင်မရာကို သုံးနိုင်ပြီး Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ HDR, Panorama နဲ့ Expert Mode တို့ Colorful Night, Double Exposure နဲ့ GIF တို့ကလည်း တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Low Light Situations မျိုးမှာ အံ့မခန်း ရုပ်ပုံ ကောင်းတွေ ထွက်လာအောင် BSI sensor က ကူညီပေးပြီး ရှေ့ဘက်က 5MP ကင်မရာဟာ Beautify Effect သုံးရင်တောင် ရုပ်ထွက် အတော်လေး ပြည့်စုံပါတယ်။

OPPO Mirror 3 ဟာ Dual-SIM အမျိုးအစားဖြစ်ပြီး အခြားချိတ်ဆက်မှုတွေအဖြစ် Infrared, Blue-tooth 4.0 နဲ့ Wi-Fi a/b/g/n တို့ ပါဝင်ပါတယ်။ Li-Po 2000mAh ဘက်ထရီကို သုံးစွဲပေးထားပါတယ်။ Mirror 3 မှာ ၄.၇ လက်မအရွယ် IPS LCD panel ပါဝင်ပြီး 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေး ကို ရရှိနိုင်ပါတယ်။ Screen ရဲ့အပေါ်မှာ Corning Gorilla Glass အလွှာတစ်ထပ်နဲ့ အကြမ်းဒဏ်ကို ကာကွယ် ပေးနိုင်အောင် ဖုံးအုပ်ထားပါတယ်။ Android OS 4.4.4 (KitKat) အပေါ်မှာ Color OS 2.0 skin သုံးထားပြီး Fast Battery Charging နည်းပညာ ပါဝင်တာမို့ သဘောကျစရာ ကောင်းပါတယ်။

* Battery Life *
Mirror 3 ကို အားအပြည့်ဖြစ်ဖို့ မိနစ် ၉၀ လောက်သာ ကြာမြင့်ပြီး ပုံမှန်အားသွင်းချိန်ထက် ၆၀% ပိုမိုမြန်ဆန်ပါတယ်။ အားသွင်းချိန်အတွက် အချိန်အရမ်းမပေးရတာမို့ စိတ်ကျေနပ်စရာကောင်းပြီး Li-Po 2000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

* Design *
ပလတ်စတစ်ကိုယ်ထည်ကြောင့် Mirror 3 ဟာ ပေါ့ပါးနေပြီး 130g အလေးချိန်သာရှိပါ တယ်။ ဘေးထောင့်တွေကိုလည်း လက်ထဲမှာကိုင်သုံးတဲ့အခါ သက်သောင့် သက်သာ ဖြစ်နေအောင် သေသေချာချာတည်ဆောက်ထားပြီး ကျောပြင်ဟာ ချောမွေ့ပြောင် လက်နေပါတယ်။

* Processor *
OPPO Mirror 3 ကို 64-bit Qualcomm Snapdragon 410 processor နဲ့ စွမ်းဆောင်ရည်အတွက် အလုပ်လုပ်ပေးပါတယ်။ Quad-core processor ဖစ်ပြီး 1.2GHz မြန်နှုန်းကြောင့် အားအလွန်ကောင်းပါတယ်။ ဂိမ်းအကြီးစားတွေကိုလည်း ကောင်းကောင်းကိုင်တွယ်ပေးနိုင်ပြီး RAM 1GB ကို အသုံးချနိုင်ပါတယ်။

* Display and Camera *
မျက်နှာပြင်ဟာ ၄.၇ လက်မအရွယ်ကြောင့် လက်တစ်ဖက်တည်းနဲ့တောင် ကောင်းကောင်း ကိုင်သုံးနိုင်ပြီး အရည်အသွေးမြင့် 720 x 1280 pixels HD screen ကို ကြည့်ရှုနိုင်ပြီး pixel သိပ်သည်းဆ 312ppi ပါဝင်ပါတယ်။ အဓိကကင်မရာဟာ 8MP ဖြစ်ပြီး LED flash မီးသုံးနိုင်ပါတယ်။ 1080p full HD ဗီဒီယို ရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။

* Verdict *
OPPO Mirror 3 ရဲ့ မျက်စိကျစရာ အကောင်းဆုံးအချက်က ကင်မရာ ပဲဖြစ်ပြီး တန်ဖိုးအရဆိုရင်လည်း သုံးပျော်ပါတယ်။ မြင်တွေ့နေကျ မျက်နှာပြင် ခပ်ကြီးကြီးဖုန်းတွေလိုတော့ မရရှိနိုင်ပေမယ့် ရုပ်ထွက် အကောင်းဆုံးနဲ့ quality ပြည့်မီတဲ့ ရုပ်ပုံတွေကို ပေးစွမ်းနိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment