Ubuntu အသုံးပြုသူတွေ ဆောင်ထားရမဲ့ Software ပါ....
System , Software Update လုပ်ရင်း Error တွေများလာလို့ အဆင်မပြေဖြစ်နေရင် သို့မဟုတ် အကြောင်း တစုံတရာကြောင့် သုံးရတာ အရင်လို အဆင်မပြေဖြစ်သွားခဲ့မယ်ဆိုရင်... ဒီ SystemBack လေးက ထိရောက်စွာ ကူညီနိုင်ပါလိမ့်မယ်...
Systemback ဆော့ဖ်ဝဲကို Ubuntu Softtware Center ကနေ ဒေါင်းယူ Install လုပ်နိုင်သလို ဒီနေရာက တဆင့် ဒေါင်းယူနိုင်ပါတယ်..။
သို့မဟုတ် Commad line ကနေလည်း Install လုပ်နိုင်ပါတယ်။
ရိုက်ရမဲ့ Commad တွေကတော့ အောက်ပါအတိုင်းပါ... (Copy & Paste = Enter)
sudo apt-add-repository --yes ppa:nemh/systemback
sudo apt-get update
sudo apt-get install systemback
အသုံးပြုနည်းကတော့ Systemback ကို ဖွင့်ပြီး Password ရိုက်ထည့်ကာ စတင်အသုံးပြုနိုင်ပါပြီ...
System Backup & Restore အတွက်သာမဟုတ်ပဲ လက်ရှိ System ကို အခြား ကွန်ပျူတာတွေအတွက် ISO Images ဖိုင်လ်အဖြစ် ထုတ်ယူနိုင်သေးတဲ့အပြင် System Copy , System Repair , System Upgrade စ တာတွေကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်..။
လေးစားလျှက်
0 comments:
Post a Comment