တရုတ်နိုင်ငံရဲ့စမတ်ဖုန်းဈေးကွက်ကို ၀င်ရောက် လာတဲ့ LeTV ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အိန္ဒိယမှာ စမတ်ဖုန်း အသစ်ရောင်းချမယ့် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ကြေညာချက်ကို Bengaluru မှာ ပရိသတ်များနဲ့ တွေ့ဆုံပွဲမှာ ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။ LeTV ကအိန္ဒိယမှာရောင်းချမယ့် စမတ်ဖုန်းဟာ Le Max ဖြစ်ပြီး အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ မိတ်ဆက်မှာဖြစ်တယ် လို့ ကုမ္ပဏီကအတည်ပြုထားပါတယ်။ Le Max နဲ့အတူ အခြား စမတ်ဖုန်းများ ကိုလည်း အဲဒီပွဲမှာပြသမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Le Max မှာ Snapdragon 810 SoC မောင်း နှင်မှာဖြစ်ပြီး အရွယ်အစားကြီးမားတဲ့ ၆.၃၃ လက်မမျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ Resolution မှာ 2560× 1440 pixel ဖြစ်ပါတယ်။ 4GB RAM တပ်ဆင်ထားတဲ့အတွက် Apps များစွာကိုတစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အထူး သဖြင့် Multitasking ပြုလုပ်ရာမှာ အလွန်အသုံးဝင်မှာဖြစ်ပါတယ်။
32GB/64GB/128 GB Internal Storage Options များ ရွေးချယ် နိုင်မှာဖြစ်ပါတယ်။ 3400mAh Battery ထည့်သွင်းပေးထား ပါတယ်။ အနောက်ဘက်တွင် 21Megapixel Camera နဲ့ အရှေ့ဘက်တွင် 4 UltraPixel Selfie Camera တပ်ဆင်ထားပါတယ်။ အရွယ်အစားအပြည့်အစုံမှာ 167.1×83.5×8.95mm ဖြစ်ပြီး အလေးချိန်မှာ ၂၀၄ ဂရမ် ဖြစ်ပါတယ်။ Le Max ကို Android 5.0 Lollipop ကို အခြေပြုထားတဲ့ EUI မောင်းနှင်မှာဖြစ်ပါ တယ်။ Fingerprint Sensor လို့ခေါ်တဲ့ လက်ဗွေရာလုံခြုံရေးစနစ်ပါရှိ မှာဖြစ်ပါတယ်။ Fingerprint Sensor ဖြင့်ဖုန်းကို Unlock လုပ်ခြင်း၊ မိုဘိုင်းဖုန်းမှဈေးဝယ်ခြင်း၊ မိုဘိုင်းဖုန်းမှ ငွေပေးချေခြင်း စတဲ့လုံခြုံရေး အတွက် အရေးကြီးတဲ့ အလုပ်များကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခု LeTV ရဲ့စမတ်ဖုန်းအသစ်တွေအကြောင်းကို လေ့လာ ကြည့်ရအောင်….
<21MP rear ကင်မရာနဲ့ Selfie အတွက် 4 ultra pixel>
စမတ်ဖုန်းတစ်လုံးအတွက် ကင်မရာအရည်အသွေးကအရေးကြီးလာတာ ကိုသိတာကြောင့် LeMax ရဲ့နောက်ကျော ဘက်မှာ 21MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ညအမှောင်မှာ ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ အလင်းရောင်မှုန်ဝါးတဲ့ နေရာ တွေမှာပုံရိပ်တွေပီသစွာရိုက်နိုင်စေဖို့ အတွက်ကတော့ dual-led flash ကိုကင်မရာနဲ့ဘေးကပ်လျက်မှာ ထည့်သွင်းပေးထား ပါတယ်။ ဓာတ်ပုံတွေရိုက်မယ်ဆိုရင် ပြိုင်ဘက် စမတ်ဖုန်းတွေရဲ့ ကင်မရာထက်တောင် ပိုတဲ့အရည်အသွေးနဲ့ ရရှိစေမှာ ဖြစ်ပါ တယ်။ 5312×3984pixel ရရှိမှာပါ။ Video တွေဖမ်းယူမယ် ဆိုရင် တော့ 1080p ကို 60fps နဲ့ရိုက်နိုင်မှာပါ။ 4K ရိုက်ကူးမှုကို ရနိုင်ပြီး 30fps နဲ့ဖမ်းယူနိုင်မှာပါ။ ကင်မရာရဲ့ထပ်တိုးလုပ်ဆောင်မှုဖြစ်တဲ့ HDR ကိုမြန်ဆန် စွာရိုက်နိုင်ပါလိမ့်မယ်။ အရှေ့ဘက် ကင်မရာငယ်ကိုတောင်မှ 4MP(2micron pixel) တပ်ဆင်ပေးထားလို့ Selfie တွေရိုက်တဲ့အခါမှာ အုပ်စုလိုက်ပုံတွေကို ပီပြင် ပြတ်သားစွာရရှိစေမှာပါ။ ဖုန်းကင်မရာ လုပ်ဆောင်ချက်တွေထဲမှာ ပါဝင်သင့်သည့်လုပ်ဆောင်ချက်တွေဖြစ်တဲ့ face detection, touch focus တို့ကိုအသုံးချနိုင်ပါမယ်။ ကင်မရာ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်စေတဲ့ Sony sensor IMX230 ကိုသုံးထားပါတယ်။
<Full HD မျက်နှာပြင်ဖော်ပြနိုင်စွမ်း>
Le Max ကိုရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် HTC One Max နဲ့ ပုံစံ ဒီဇိုင်းဆင်နေပါလိမ့်မယ်။ သူ့မှာတော့ကွဲလွဲချက် အနည်းငယ်ရှိနေပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြနိုင်စွမ်းရရှိမှာသာ ဂိမ်းတွေဆော့ကစား တာ၊ ရုပ်ရှင်ကားတွေ ကြည့်တဲ့အချိန်မှ စိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် Max မှာ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့် QHD (2560×1440) ကိုပေးစွမ်းထားပါတယ်။ Display ကတော့ Super AMOLED ဖြစ်ပြီး ၆.၃၃လက်မမျက်နှာပြင်မှာ Black Screen အပြည့်သုံးစွဲ ထားတာမဟုတ်ပေမယ့် ဘေးဘောင်လေးတွေရဲ့ အကျယ်အ၀န်းက 0.23in သာရှိတာကြောင့် ၆ လက်မမြင်ကွင်းအရသာကို ခံစားနိုင်ပါလိမ့်မယ်။ အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာဖုန်းကိုအသုံးပြုရင်တောင် မှမြင်ကွင်းတွေကို အနှောင့်အယှက်မဖြစ်ဘဲ ကြည့်နိုင်ပါလိမ့်မယ်။ သူ့ရဲ့ တိုင်းတာမှုကိုကြည့်လိုက်မယ်ဆိုရင်တော့ 167.1×83.5× 8.95mm ရှိမှာဖြစ်ပြီး၊ အလေးချိန်ကတော့ ၂၀၄ ဂရမ်သာရှိမှာပါ။
<ဖုန်းမှာမောင်းနှင်ပေးမယ့် OS>
Android 5.0 (Lollipop) ကိုသာထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် OS ကိုသုံးချင်တယ်ဆိုရင်တော့ Le Max Pro ကိုဝယ်ယူမှ သာရပါလိမ့်မယ်။ ဒါ့အပြင် LeTV ဖုန်းတွေမှာထည့်သွင်းပေးထားလေ့ရှိတဲ့ Feature တွေကိုလည်း သုံးစွဲနိုင် ဦးမှာပါ။ ဖုန်းမှာထည့်သွင်း ပေးထားတဲ့ လုပ်ဆောင်ချက်တွေကို မြန်ဆန်စွာသုံးနိုင်မယ့် UI ဖြစ်တဲ့ EUI (Eco User Interface) ကိုသုံးနိုင်မှာပါ။ Video ဖိုင်တွေကြည့်နိုင်စေဖို့အတွက်ကတော့ 3gp,MP4 တို့နဲ့ကြည့်နိုင်မှာဖြစ်ပြီး၊ ဖိုင်အများစုကို ထည့်သွင်း သုံးစွဲနိုင်ပါ လိမ့်မယ်။ ဖုန်းမှာအသုံးချနိုင်မယ့် Sensor အများစုကလည်းကောင်းမွန်ပြီး Ebook ဖတ်ရှုတာ၊ Radio နားဆင်တာမျိုး တွေကိုပါ ပြုလုပ်နိုင်ပါလိမ့်မယ်။ ဖုန်းရဲ့မျက်နှာပြင်အပေါ်ဘက်မှာ widget တွေကိုစီမံခန့်ခွဲနိုင်ပြီး နာရီ၊ ရာသီဥတု အခြေအနေ တို့ကိုပြသပေးနေမှာပါ။
<သိမ်းဆည်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်>
စမတ်ဖုန်းတစ်လုံး (သို့) မိုဘိုင်း device တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်း တွေကို လွယ်လင့်တကူနေရာဒေသမရွေးသုံးစွဲ နိုင်စေအောင် ကူညီပေး မှာကတော့ သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့ Hardware ပါပဲ။ Le Max မှာ Octa-core ပရိုဆက် ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 4GB DDR4 ထောက်ပံ့ပေးထားပါတယ်။ Snapdragon 810 ရဲ့ပေါင်းစပ်မှုက တော့ Quad-core 1.5 GHz Cortex-A53 နဲ့ Quad-core 2.0 GHz Cortex-A57 တို့ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။ အချက်အလက်တွေ သိုလှောင် သိမ်းဆည်း ထားနိုင်ဖို့အတွက် လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်း တွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော 64GB အထိတစ်ပါတည်းသိမ်းဆည်းနိုင် မှာဖြစ်ပါတယ်။ လစဉ်လတိုင်းသိမ်းဆည်းမှုအတွက်ကိုလည်း 6GB ကို အခမဲ့ပေးအပ် ထားပါတယ်။
<ဘက်ထရီစွမ်းအားနဲ့ ကွန်ရက်ချိတ်ဆက်မှု>
3400mAh ဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာဖြစ်ပြီး ဆက်တိုက်ပြောဆို နိုင်စွမ်းနဲ့ အသင့်အနေအထားအချိန်ကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ် ဖုန်းဖြစ်မှု နဲ့အတူ Dual Sim,4G /LTE ကွန်ရက်မှာသုံးစွဲနိုင်ပါလိမ့်မယ်။ အချက် အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ bluetooth 4.1, leHIif တို့ကို သုံးစွဲနိုင်ပါ လိမ့်မယ်။ ဘက်ထရီသက်တမ်းကလည်း တာရှည်ခံနိုင်စွမ်း ရှိမှာဖြစ်ပြီး အရေးပေါ်အခြေအနေတွေမှာသုံးနိုင်မယ့် power saving လုပ်ဆောင်ချက်တွေလည်း ထည့်သွင်း ပေးထားပါတယ်။ Hi-fi hotspots ပြုလုပ်သုံးစွဲမယ်ဆိုရင်တော့ device 8 ခုထိ access လုပ်နိုင်ပါလိမ့်မယ်။ Sim ရွေးချယ်သုံးမှုအပိုင်းမှာ micro sim,nano sim ဖြစ်ပါတယ်။ ဖုန်းနဲ့အခြား ကွန်ရက်ချိတ်ဆက်မှုတွေ အတွက်ကတော့ USB type-C က မြန်ဆန် သွက်လက်တဲ့ဒေတာလွှဲပြောင်းမှုကိုရရှိစေမှာပါ။
<QHD display, 4G RAM နဲ့ Li Max Pro>
LeTV ရဲ့နောက်ထပ် Phablet လို့ပြောနိုင်မယ့် Max Pro မှာစာရွက်ပေါ် ကအချက်အလက်တွေကို ကြည့်လိုက်တာနဲ့ လူရှိန်လောက်စရာတွေ ရှိနေပါတယ်။ အဲဒါကတော့ 6.3inch မှာ Quad HD (2K) display ဖြစ်နေ လို့ပါ။ ပုံရိပ်တွေကိုဖော်ပြတဲ့ အခါမှာ 1440 × 2560p နဲ့ ဖော်ပြပေးမှာ ဖြစ်ပြီး၊ မယုံကြည်နိုင်လောက်ဖွယ် ပုံရိပ်စိုပြည်မှုတွေကို ပေးစွမ်းမယ့် 464ppi ကို သုံးထားပါတယ်။ ပိုပြီးတော့မြန်ဆန်တဲ့လုပ်ဆောင်နိုင်မှုတွေ အတွက်ကတော့ 4GB DDR4 ကိုသုံးထားပါတယ်။ ဘယ်လိုလုပ်ဆောင်ချက် မျိုးကိုမဆို အထစ်အငေါ့မရှိ ပြုလုပ်နိုင်စေဖို့အတွက်ကတော့ နောက်ဆုံး ထွက်ပေါ်ထားတဲ့ Snapdragon 820 ပရိုဆက်ဆာကို ထည့်သွင်း တည်ဆောက်ထားပါတယ်။ 2.2GHz အမြန်နှုန်းရှိမယ့် ပရိုဆက်ဆာရဲ့ စွမ်းအားဟာ ဘက်ထရီ စွမ်းအားကိုလည်းချွေတာပေးပြီး၊ app တွေဖွင့်လှစ် ရတာလည်း မြန်ဆန်စေပါလိမ့်မယ်။ဂရပ်ဖစ်ပိုင်းအတွက်ကိုတော့ adreno 530GPU ကိုသုံးထားပါတယ်။ OS ကတော့ 64bit စွမ်းအားမှာ အကောင်းဆုံး လည်ပတ်နိုင်စွမ်းရှိမယ့် Android 6.0 Marshmallow ပဲဖြစ်ပါတယ်။ EUI သစ်ရဲ့ feature တွေကြောင့်လည်း app,widget တွေကို UI ကောင်းကောင်း နဲ့ မြင်တွေ့စေ မှာပါ။ အခြားပေးအပ်ထားတဲ့လုပ်ဆောင်နိုင်မှုတွေကတော့ 21MP sensor Sony ကင်မရာနဲ့အတူ၊ အရှေ့ဘက်ကင်မရာကတော့ 2MP သာရှိတယ်ဆိုပေမယ့် HTC ရဲ့ UltraPixel ပုံစံလိုမျိုး micron pixel ကို သုံးပေးထားပါတယ်။ ဘက်ထရီစွမ်းအားကိုတော့ 3400mAh ကိုတပ်ဆင် ပေးထားပြီး စွမ်းအားကိုလုံးဝချွေတာနိုင်စွမ်းရှိပါလိမ့်မယ်။ အချက်အလက် တွေ သိမ်းဆည်းနိုင်ဖို့အတွက် ကတော့ အရမ်းကြီးရွေးချယ်စရာမပေးထား ဘဲနဲ့ 32/64GB ဆိုပြီး ထုတ်လုပ်ထားပါတယ်။
<ဖုန်းမှာမောင်းနှင်ပေးမယ့် OS>
LeTV အနေနဲ့ Le Max ကိုတရုတ်နိုင်ငံတွင်း ဈေးကွက်အတွင်းသာမကဘဲ အာရှဈေးကွက်အတွက်ပါ ရည်ရွယ်ထားပုံရ ပါတယ်။ နောက်ပိုင်းထွက် စမတ်ဖုန်းအများစုဟာ တရုတ်ပြည်ဈေးကွက်ပြီးသွားတာနဲ့ India ဈေးကွက် ကို ပြောင်းလဲလာခဲ့လို့ပါ။ ဘာကြောင့်လဲဆိုရင် ကွန်ရက်ချိတ်ဆက်မှု၊ OS သုံးစွဲမှုနဲ့ UI အသစ်ပြင်ဆင်မှုတွေကိုတွေ့ရပါတယ်။ OS ကတော့ နောက်ဆုံး ထွက် Marshmallow နဲ့အတူ သူတို့ရဲ့ကိုယ်ပိုင် UI အပြင်အဆင်ကို သုံးနိုင်မှာ ပါ။ Smart manager လုပ်ဆောင်ချက်ကလည်း ဖုန်းထဲမှာမလိုအပ်တဲ့ ဖိုင်တွေကို ရှင်းထုတ်ပေးတာ၊ ဗိုင်းရပ်စ်တွေကိုကာကွယ်ပေးတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ မျက်နှာပြင်ကြီးတဲ့ စမတ်ဖုန်းဖြစ်တာ ကြောင့် လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်သုံးနိုင်မယ့် one-hand mode ကိုလည်းအသုံးချ နိုင်ပါလိမ့်မယ်။ မိုဘိုင်းငွေပေးချေမှုအတွက်နဲ့ ဖုန်း အဖွင့်အပိတ်လုံခြုံရေး ဆိုင်ရာအတွက် လက်ဗွေစနစ်ကအတော်လေး အသုံး တည့်ပါလိမ့်မယ်။
<QHD မျက်နှာပြင်ဖော်ပြနိုင်စွမ်း>
စမတ်ဖုန်းတစ်လုံးအတွက်မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာအရေးကြီး လှပါ တယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြ နိုင်စွမ်းရရှိမှာသာ ဂိမ်းတွေ ဆော့ကစားတာ၊ရုပ်ရှင်ကားတွေကြည့်တဲ့အချိန်မှာ စိတ်ချမ်းသာ စေမှာပါ။ ဒါကြောင့် Max Pro မှာ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် full HD (2560×1440) ကိုပေးစွမ်းထားပါတယ်။ Display ကတော့ Super AMOLED ဖြစ်ပြီး ၆.၃လက်မ မျက်နှာပြင်မှာ ပုံရိပ်တွေကို အသေးစိတ်မြင်တွေ့နိုင်ဖို့ 464ppi နဲ့ ထောက်ပံ့ပေး ထားပါ တယ်။ Black Screen အပြည့်သုံးစွဲထားတာမဟုတ်ပေမယ့် ဘေးဘောင် လေးတွေရဲ့ အကျယ်အ၀န်းက 0.23in သာရှိ တာကြောင့် ၆လက်မမြင်ကွင်း အရသာကို ခံစားနိုင်ပါလိမ့်မယ်။ ၂၀၁၆အတွက်ထွက်ထားတဲ့ဖုန်းတွေထဲမှာ ဘေးဘောင်တွေ ကျဉ်းမြောင်းပြီး အကြမ်းခံတဲ့ဒီဇိုင်းပုံစံမျိုးကိုမြင်တွေ့ ရမှာဖြစ်ပါတယ်။
<21MP ကင်မရာနဲ့Selfie အတွက် 2MP>
အခုဆိုရင် ဖုန်းတွေထပ်တိုးလုပ်ဆောင်ချက်တွေထဲမှာ ကင်မရာကိုပါ ထည့်သွင်းလာကြပါပြီ။ စမတ်ဖုန်းကိုနေရာအစုံ ယူဆောင်သွားလို့ ရနိုင် တာကြောင့် ကင်မရာဟာအပျော်တမ်းဓာတ်ပုံရိုက်လို့ရတဲ့ အသေးစား ကင်မရာလောက်တော့ ကောင်းဖို့ လိုအပ်ပါတယ်။ အဓိကကင်မရာဟာ 21MP ဖြစ်ပြီးဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင် HD ထက်လေးဆပိုမို ကောင်းမွန်သည့် အရည် အသွေးဖြစ်တဲ့ 4K အရည်အသွေး ရရှိနိုင်မှာဖြစ်ပြီး HDR mode သုံးပြီးရိုက်မယ်ဆိုရင်တော့စိုပြည်ပြီး အရောင်စိုတဲ့ပုံတွေကို ရပါလိမ့်မယ်။ video ရိုက်မယ်ဆိုရင်တော့ 1080p@60fps ရရှိနိုင်မှာပါ။ မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးလိုသူတွေအတွက်က တော့ Panorama သုံးစွဲနိုင်ပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် selfie ရိုက်ကူးလိုသူတွေ အတွက်ကတော့ 2MP ကင်မရာ ကို သုံးစွဲနိုင်ပါလိမ့်မယ်။ Selfie ရိုက်လိုသူ တွေအတွက် နောက်ထပ်လုပ်ဆောင်ချက်ကတော့ ၈၁ ဒီဂရီ wide-angle ရိုက်ကူး နိုင်စွမ်းရှိမှာဖြစ်ပါတယ်။
<သိမ်းဆည်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်>
စမတ်ဖုန်းတစ်လုံး (သို့) မိုဘိုင်း device တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်း တွေကို လွယ်လင့်တကူနေရာဒေသမရွေးသုံးစွဲ နိုင်စေအောင် ကူညီပေး မှာကတော့ သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့ Hardware ပဲ။ Max Pro မှာနောက်ဆုံးထွက်ပေါ် လာတဲ့ Octa-core 64bit ပရိုဆက်ဆာကို သုံးစွဲ နိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 4GBDDR4 ထောက်ပံ့ပေးထားပါတယ်။ Snapdragon အချက်အလက်တွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက် လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ 32/64GB ပဲဖြစ်ပြီးတော့ 128GB အထိအဆင့်တိုးမြှင့်နိုင်ပါလိမ့်မယ်။ သူ့မှာ ဆင်ဆာထည့်သွင်းပေးမှုပိုင်းကို ကြည့်လိုက်မယ်ဆိုရင်တော့Proximity sensor, Ambient light sensor, Accelerometer, Gyroscope တို့ကို သုံးနိုင်မှာပါ။
<ဘက်ထရီစွမ်းအားနဲ့ ကွန်ရက်ချိတ်ဆက်မှု>
3400mAh ဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာဖြစ်ပြီး ဆက်တိုက် ပြောဆိုနိုင် စွမ်းနဲ့ အသင့်အနေအထားအချိန်ကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိ သေးပါဘူး။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ် ဖုန်းဖြစ်မှု နဲ့အတူ 4G LTE ကွန်ရက်မှာ သုံးစွဲနိုင်ပါလိမ့်မယ်။ အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ bluetooth 4.1,wi-fi တို့ကိုသုံးစွဲနိုင် ပါလိမ့်မယ်။ အခြားချိတ်ဆက်မှုတွေအနေနဲ့ Micro -USB type-c,USB host ၊အွန်လိုင်းချိတ်ဆက်သုံးစွဲမှုအနေနဲ့ life-service ၁၅ခုတောင် ပါဝင်လာ မှာဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေကို လွယ်ကူစွာရှာဖွေနိုင်သလို ဒေတာ သိမ်းဆည်းမှုအပိုင်းအနေနဲ့ နံပါတ်ပေါင်းများစွာကို မှတ်သားနိုင်မှာပါ။ Powersaving mode ကိုသုံးလိုက်မယ်ဆိုရင် ဖုန်းမျက်နှာပြင်ကို အနက်ရောင်သို့ပြောင်းလိုက်မှာဖြစ်ပါတယ်။ ပိုမိုမြန်ဆန်သွက်လက်တဲ့ Quick-charge နည်းလမ်းကိုလည်း သုံးနိုင်ပါလိမ့်မယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
0 comments:
Post a Comment