♪ “Vivo X5 Pro” ♫


ပြည်တွင်းဈေးကွက်တွင် တရုတ်နိုင်ငံထုတ် စမတ်ဖုန်းအများစုနေရာ ယူထားကြပြီးသူ့အမှတ်တံဆိပ်နဲ့သူ ပရိသတ်များရှိပါတယ်။ Vivo အမှတ် တံဆိပ် ဟာဟန်းဆက်များစွာကိုထုတ်လုပ်ရောင်းချပေးထားပြီးအချို့ ဟန်းဆက်များကို Series အလိုက် ရောင်းချပေးထားပါတယ်။ Vivo ဟာ X5 ကို Series အလိုက်ထုတ်လုပ်ပေးထားပြီး X5 Pro ကို ပြည်တွင်း ဈေးကွက် တွင် ၀ယ်ယူနိုင်ပါတယ်။ X5 ဟာမျက်နှာပြင်အကျယ်အ၀န်း 5 inches ရှိပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏဟာ 720 x 1280 ဖြစ်ပါတယ်။

X5 Max ကတော့ မျက်နှာပြင်အကျယ်အ၀န်း 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏဟာ 1080 x 1920 ဖြစ်ပါတယ်။ X5 နှင့် X5 Max တို့ရဲ့ ကင်မရာ စွမ်းရည်များသည် တူညီမှုရှိပါတယ်။ အဓိကကင်မရာသည် 13MP စွမ်းရည် ရှိပြီးရှေ့ကင်မရာငယ် သည် 5MP စွမ်းရည် ပါ။ X5, X5 Pro နှင့် X5 Max တို့ရဲ့ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏများသည် တူညီမှုရှိပြီးCardslotစနစ် အသုံးပြုနိုင်သည့် မှတ်ဥာဏ်ပမာဏလည်းတူညီပါသည်။ X5 ရဲ့ ဘက်ထရီ စွမ်းအားကတော့ Li-Ion 2250 mAhဖြစ်ပြီးX5 Max ရဲ့ ဘက်ထရီ အမျိုး အစားမှာLi-Po 2300 mAhဖြစ်ပါတယ်။ Vivo ရဲ့ အရည်အသွေး ကောင်းသောဟန်းဆက်ဖြစ်သည့် Vivo X5 Pro ဟာလေးထောင့်ကျသော အသွင်ဒီဇိုင်းရှိပြီးပါးလွှာသောကိုယ်ထည်ကိုပိုင်ဆိုင်ထားပါတယ်။ 2G, 3G,4G Network များကိုရယူသုံးစွဲနိုင်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 147.9×73.5×6.4mm ရှိပြီးအလေးချိန်မှာ151g ဖြစ်ပါတယ်။

ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့်ဖုန်းအမျိုးအစားပါ။ Super AMOLED capacitive touchscreen ရဲ့ အရွယ်အစားပမာဏကတော့ 5.2 inches ကျယ်ဝန်းပါတယ်။ မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ ပေးထား သောPixels ပမာဏမှာ1080×1920 ဖြစ်ပါတယ်။ တစ်လက်မမှာ ရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 424ppi ပါ။ Multitouchစနစ်တွင် Funtouch OS 2.1 ကိုသုံးစွဲနိုင်ပါမယ်။ အကြမ်းခံသောဖုန်းမျက်နှာပြင် ဖြစ်စေဖို့အတွက် Gorilla Glass 3 တပ်ဆင်ပေး ထားပါတယ်။ အဓိက ကင်မရာရဲ့ စွမ်းရည်ဟာ13MPရှိပြီးရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည် ရှိပါတယ်။ ဒါကြောင့် Selfieပုံများရိုက်ကူးဖို့ အတွက် အဆင်ပြေစေပါလိမ့် မယ်။ 1080P စွမ်းရည်ဖြင့် ဗွီဒီယိုရိုက်ကူးပါကတစ်စက္ကန့်ကို30Frames နှုန်းရရှိပါမယ်။

မှတ်ဥာဏ်ပမာဏပိုင်းတွင် Internal Storage အတွက် 16GBပါရှိမှာဖြစ်ပြီးRAM မှာ2GB ဖြစ်ပါတယ်။ အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏသည် 128GB ဖြစ်ပါတယ်။ အခြားစနစ်ကောင်းများစွာ ကိုလည်းအသုံးပြုနိုင်မှာဖြစ်ပြီးအားသွင်းအသုံးပြုရမယ့် Battery သည် Li Po 2450mAh ပါ။ အဖြူနဲ့ အနက်ဆိုပြီးအရောင်နှစ်မျိုးနဲ့ ထုတ်လုပ် ပေးထားပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Q.C 1.5GHz & Q.C 1.1GHz
Screen - 5.2 inches
Camera - 13 MP
Bluetooth - v 4.0
Storage - up to 128GB
OS - Android OS,v 5.0
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com

0 comments:

Post a Comment