Lenovo
သည် မကြာသေးမီက Xiaomi မှ မိတ်ဆက်ပေးခဲ့သော Redmi 3 နှင့် ယှဉ်ပြိုင်မည့်
Lemon 3 ဟုခေါ်သော စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။
Lemon 3 ကို Redmi 3 ကဲ့သို့ပင် ၅ လက်မ HD display, Snapdragon 616 SoC,
2GB RAM နှင့် 16 GB သိုလှောင်မှုပမာဏဖြင့် အသုံးပြုနိုင်သည်။ ကင်မရာကလည်း
တူညီပြီး 13MP ပင်မကင်မရာနှင့် 5MP selfie ကင်မရာတို့ကို အသုံးပြုထားသည်။
တန်ဖိုးကလည်း Redmi 3 ကဲ့သို့ပင် ၆၉၉ ယွမ် (၁၀၅ ဒေါ်လာ) ဖြင့် ရောင်းချမည်
ဖြစ်သည်။
Lemon 3 နှင့် Redmi 3 တို့၏ အဓိက ကွာခြားချက်မှာ ဘက်ထရီအရွယ်အစားနှင့်
display resolution ဖြစ်သည်။ Lemon 3 တွင် 2,750 mAh ဘက်ထရီပါဝင်ပြီး
display resolution က 1080p ဖြစ်သည်။ Redmi 3 ၏ display resolution က 720p
ဖြစ်သော်လည်း ဘက်ထရီက 4,100 mAh ဖြစ်သည်။
Ref: AndroidAuthority
credit internetjournal
www.thihahtike.com
သီဟထိုက်
0 comments:
Post a Comment