ကြို့ထိုးပျောက်ကင်းစေတဲ့ နည်းလမ်း(၇)သွယ်



ကြို့ထိုးချိန် တော်တော်များများဟာ များသောအားဖြင့် ထမင်းစားပြီးတဲ့ အချိန်မျိုးမှာ ဖြစ်တတ်ပါတယ်။ အသက်ရှုလမ်းကြောင်းမှာ လေခိုပြီး ပိတ်ဆို့မှုဖြစ်ပြီး ကြို့ထိုးတော့တာပါဘဲ။ တော်တော်လေးကို အနေရအထိုင်ရ ခက်ပါတယ်။ တစ်ခါတလေ စကားပြောနေရင်းနဲ့ ဖြစ်တာဆိုရင် စကားကောင်းကောင်း ပြောလို့မရပါဘူး။ ရည်းစားစကား ပြောချိန်ဆို ပိုဆိုးပါတယ်။ ” နင့် … ကလု … ကို …. ကလု … ငါ … ကလု … ချစ် … ကလု ” ဆိုပြီး (၇) ရက်လောက် ပြောရင်တောင်ရည်းစားစကားက ပြီးမှာ မဟုတ်တော့ဘူး။

 ဒီတော့ ကြို့ထိုးတာ သက်သာအောင် ဘယ်လိုလုပ်မလဲ … ?
အောက်ပါနည်းလမ်းလေး (၇)ခုကို ကြိုးစားကြည့်စေချင်ပါတယ်။


(၁) အသက်ကို ၀အောင်ရှုပါ

ကြို့ထိုးတဲ့အခါ အဆုတ်လေပြွန်ထဲကို အသက်ပြင်းပြင်း ရှုသွင်းပြီး 15 စက္ကန့်လောက် လေပြန်မထုတ်ပါသေးနဲ့ဦး။ ဒီနည်းက ဘာနဲ့တူသလဲဆိုရင် တောရွာတွေဘက်မှာ ရေတွင်းတူးတဲ့အခါ ရေမလိုက်ရင် ရေကြိုတဲ့နည်းနဲ့ တူပါလိမ့်မယ်။ လေကို လေနဲ့ ပြန်ကြိုတဲ့သဘောပေါ့။



(၂) လေအိတ်ကို အသုံးပြုပါ

လေအိတ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် သိပ်သည်းဆ များတတ်ပါတယ်။ တစ်ခါတလေ အဲဒီလေအိတ်ထဲကို ပါးစပ်နဲ့နှာခေါင်း လျှိုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ တတ်နိုင်သလောက် အများဆုံးပါအောင် များများ ရှုသွင်းပါ။

b


(၃) ရင်ဘတ်ကို ဖိပါ

အသက်ရှုလမ်းကြောင်းထဲမှာ ရှိနေတဲ့ လေဖိအားတွေ လျှော့ဖို့အတွက် တစ်စုံတစ်ယောက်ကို မိမရင်ဘက်ကို ညင်သာစွာဖိခိုင်းပါ။ အနည်းဆုံး ဆယ်ကြိမ်လောက် လုပ်လိုက်တာနဲ့ ကြို့ထိုးတာ သက်သာသွားပါလိမ့်မယ်။



(၄) ရေကို နည်းနည်းနဲ့ အကြိမ်ရေဆက်တိုက်သောက်ပေးပါ

ရေကို နည်းနည်းသောက်လိုက် စက္ကန့်ပိုင်းလောက် နားလိုက်၊(15)ကြိမ်လောက် လုပ်ပေးခြင်းကလည်း ကြို့ထိုးခြင်းကိုသက်သာစေပါတယ်။

c


(၅) နားထဲကို လက်ထိုးပြီး လေလုံအောင်ပိတ်ပါ

နားနှစ်ဘက်ကို လက်ချောင်းနဲ့ထိုးပြီး လေလုံအောင်ပိတ်လိုက်ပါ။ နားဟာ အသက်ရှုလမ်းကြောင်းနဲ့ တိုက်ရိုက်ဆက်သွယ်ထားလို့ လေဖိအားကို နားဆီ လှမ်းစုလိုက်တဲ့နည်းဖြစ်ပါတယ်။ ဆယ်စက္ကန့်လောက်ကြာရင် လက်နှစ်ဘက်ကိုဖွင့်လိုက်ပါ။ မပျောက်သေးရင် စက္ကန့် 20/30 စသည်ဖြင့် လုပ်ကြည့်ပါ။



(၆) အစာကို ဖြေးညှင်းစွာစားပါ

အစာစားနေတုန်း ကြို့ထိုးရင် ခဏနားထားလိုက်ပါ။ ရေကို နံပတ်(၄)နည်းအတိုင်း သောက်ပေးပါ။ အစာကို တ၀တဖြဲကြီးမစားပဲ နည်းနည်းချင်းစားပါ။


(၇) carbonated ဖျော်ရည် သောက်ပါ

ဂက်စ်ပါတဲ့ ဖျော်ရည်ကို ပြောတာပါ။ မြန်မာနိုင်ငံမှာ စပါကလင်၊ ဆိုဒါ-ကဲ့သို့သော အချိုရည်မျိုး ဖြစ်ပါတယ်။ အဲဒီအချိုရည်မှာပါတဲ့ ဂက်စ်က အသက်ရှုလမ်းကြောင်းမှာရှိတဲ့ လေဖိအားကို ရှင်းပေးပါတယ်။ သောက်ပြီးရင် ဂေ့ဂေ့-ဆိုတဲ့ လေချဉ်တက်တာနဲ့ ကြို့ထိုးတာ ပျောက်သွားမှာပါ။

နတ်စည်တော် (Shwemom)

Ref: www.shwemom.com




0 comments:

Post a Comment