အမျိုးသမီးရဲ့ အင်္ဂါမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပြုပြင်ချက်လုပ်ထားတယ်ဆိုတဲ့ ဘီယာအသစ်တစ်မျိုးကို ဗြိတိန် ဘီယာဖန်တီးသူတွေက ထုတ်လုပ်ခဲ့တယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဲဒီ ဘီယာနဲ့ပတ်သက်ပြီး
လူတွေကြားမှာ အမြင်အမျိုးအမျိုး ကွဲပြားခဲ့ပေမယ့် ဘီယာကို ချက် မော်ဒယ် Alexandra Brendlov ရဲ့ အင်္ဂါဆီက ဘက်တီးရီယားတွေကို ယူကာ ဖော်စပ်ထားခြင်း ဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ အဆိုပါ ဘီယာပုလင်းမှာ အမဲရောင်ဖြစ်ပြီး တံဆိပ်ကတော့ Yoni ဖြစ်ပါတယ်။ Yoni ရဲ့ အဓိပ္ပါယ်မှာ အမျိုးသမီးရဲ့ အင်္ဂါဖြစ်ပါတယ်။
ဒီဘီယာကို သောက်ခြင်းအားဖြင့် အမျိုးသားတွေအနေနဲ့ Brendlov ရဲ့ ချစ်ခင်ဖွယ်အမူအယာတွေ၊ သူမရဲ့ အာသာဆန္ဒတွေ၊ ချစ်ခင်ဖွယ်အာရုံတွေ၊ အထိအတွေ့အရသာတွေ၊ အနံ့အသက်တွေ၊ အသံတွေကို ခံစားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါဘီယာကို တီထွင်ခဲ့သူထဲက တစ်ယောက်က ” ဒီဘီယာကို တီထွင်ဖို့ ကျွန်တော်တို့တစ်တွေ အဆင့်မြင့် အနုသတ္တဗေဒနည်းပညာကို သုံးထားပါတယ် … ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အင်္ဂါဆီကနေဘက်တီးရီးယာတွေကို ယူပြီး lactic acid အဖြစ် အသွင်ပြောင်းကာ ဘီယာကို ချက်လုပ်ခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
သူက ဆက်လက်ပြီး ” lactobacillus ဘက်တီးရီးယားဟာ အမျိုးသမီးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ၊ ညှို့
ဓာတ်၊ ကျက်သရေ၊ စွဲမက်ဖွယ်ရာ အခြား အစိတ်အပိုင်းတွေဆီကနေ ထွက်လာတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ် … ဒီဘီယာကို သောက်လိုက်တာနဲ့ချစ်စရာကောင်းတဲ့ နတ်သမီးလေးတစ်ယောက်နဲ့ တွဲကရတဲ့အတိုင်း ခံစားစေရမှာပါ” လို့ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
၎င်းက ဆက်လက်ပြီး ” ဘယ်လို ချစ်စရာကောင်းတဲ့ နတ်သမီးလဲ …Alexandra Brendlov ကို ပြောတာပါ … ပြောခဲ့တဲ့ အချက်အလတ်တွေအားလုံး တစ်ခြား မော်ဒယ်တွေမှာလည်း ရှိပါတယ် … နောက်ဆုံးမှာတော့ ရှည်လျှားတဲ့ သုတေသနကာလတွေကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ တီထွင်နိုင်ခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ Yoni ဘီယာတီထွင်သူတွေဟာindiegogo.comကို ဖွင့်လိုက်ပြီး ယူရို 150000 လောက် ရမယ်လို့ ခန့်မှန်ထားပါတယ်။ ဒါပေမယ့် အခု စတင်ဖွင့်လစ်ချိန်ကနေ ခြောက်ရက်တာ အတော်အတွင်းမှာ 11 ယူရိုသာ ရရှိထားပါသေးတယ်။ ၎င်းတို့ဟာ သူတိုရဲ့ ထုတ်ကုန်ကိုလူကြိုက်များအောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် လူကြိုက်များလာခဲ့ရင် ဈေးကွက်ဝယ်လိုအား အရဘက်တီးရီးယားတွေ ထုပ်လုပ်ပေးနိုင်တဲ့ မော်ဒယ်အမြောက်အများ လိုအပ်လာမှာဖြစ်ကြောင်းကိုလည်း Mirror ကသရော် ထားပါသေးတယ်။
မူရင်းဝက်ဘ်ဆိုဒ်ကိုကြည့်ချင်ရင် ဒီနေရာကို နှိပ်ပြီးကြည့်ပါ။
Ref : www.shwemom.com
0 comments:
Post a Comment