FBI ၏ iPhone lock ကိုဖွင့်နိုင်သည့် နည်းလမ်းအသစ်ကို သိချင်နေသည့် Apple
=================================================
အမေရိကန် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ FBI သည် အကြမ်းဖက်သမားတစ်ဦးဖြစ်သည့် Syed Farook ၏ iPhone 5c ကို Appleအကူအညီ မပါပဲ ဖွင့်နိုင်သွားပြီဖြစ်ကြောင်းကြေငြာသွားခဲ့ပြီဖြစ်ပါသည်။
၎င်း ကြေငြာချက် ထွက်ပေါ်လာသည်နှင့် တပြိုင် တမ္ဘာအနှံမှ ရဲဌာန များသည် ၄င်းတို့တွင်ရှိသော သက်သေဖြစ်နိုင်သည့်iPhone များကို ဖွင့်ပေးရန်အတွက် FBI ကိုအကူအညီ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါသည်။ ဥပမာ အားဖြင့် Arkansas ပြည်နယ်တွင်ရှိသော Conway Police Department သည် FBI နည်းပညာ အကူအညီဖြင့်လူသတ်မှုတွင် ပါဝင်ခဲ့သော သူများ၏ iPhone နှင့် iPod Touch နှစ်ခုကို ဖွင့်နိုင်တော့မှာပဲဖြစ်ပါသည်။
ထို့ကြောင့် Apple သည် FBI မှ ၄င်းတို့၏ Device များကို မည်သို့မည်ပုံဖွင့်နိုင်သွားသည်ကို အပြင်းအထန် သိချင်နေပြီး၊ ယခုလို Security ယိုပေါက်တစ်ခုကိုလည်း Software Updateတစ်ခု ထုတ်ကာ အမြန်ဆုံး ပြန်ပိတ် နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါသည်။ Appleသည် အမှန်တကယ်လဲ၎င်း Security ပြဿနာကို အမြန်ဆုံးဖြေရှင်းသင့်ပါသည်၊ အဘယ်ကြောင့်ဆိုသော် FBI သည်သာ ၄င်းတို့၏ နည်းလမ်းကို လူအများထံ ချပြခဲ့မည်ဆိုလျှင်၊ Apple Device Userများ၏ ကိုယ်ရေးအချက်အလက် နှင့် လုံခြုံရေးမှာ တကယ့်ကို အန္တရာယ် ကျရောက်လာနိုင်တာ ကြောင့်ပဲစြဖ်ပါတယ်။ ထိုအချက်ကြောင့် FBI ၏ ၄င်းတို့အတွက် Custom Firmware ရေးခိုင်းသည့်အမိန့်ကို Apple CEO Tim Cook မှ အပြင်းအထန် ကန့်ကွက် ငြင်း ဆိုနေခဲ့ခြင်ဖြစ်ပါသည်။
အချို့သူများသည် အစ္စရေးနိုင်ငံမှမှ နာမည်ကြီး Software Company တစ်ခုဖြစ်သော Cellebrite သည်FBI ကို အဓိက ကူညီပေးနေသည်ဟု ထင်ကြေးပေးပြောဆိုမှုများရှိနေပြီး ၄င်း Cellebrite သည် ဖုန်းတစ်ခုနှင့် တစ်ခု Contact များနှင့် အခြား Data များ ကို အလွယ်တကူ ကူးယူစေနိုင်ရန်အတွက်Software ပြုလုပ်ပေးထားသော နာမည်ကြီး Company တစ်ခုဖြစ်ပါသည်။







0 comments:
Post a Comment