iPhone 7 နဲ့ iPhone 7 Pro ဆိုပြီးတော့ ဓာတ်ပုံဟာ တရုတ်ပြည်အခြေဆိုက် social media အချို့မှာ ထွက်ရှိလာ ပါတယ်။ ယင်း ဓာတ်ပုံများအရ iPhone 7 Pro မှာဆိုရင် ကင်မရာ နှစ်လုံး ပါဝင်နေတာကို ယခုလို မြင်တွေ့ရပါတယ်။
ထူးခြားချက်အနေဖြင့် iPhone 7 Plus လို့အမည်မပေးပဲ iPhone 7 Pro လို့အမည်ပေးထားပါတယ်။ အရွယ်အစားအားဖြင့် လက်ရှိ iPhone 6S နဲ့ 6S Plus တို့ဖြင့် တူညီမှာ ဖြစ်ပါတယ်။ ကင်မရာ နှစ်လုံး ဖြစ်ပြီး နှစ်လုံးကို ဘေးချင်းယှဉ်လို့ တပ်ဆင်ထားတာကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းဟာ ၁ မီလီမီတာ ပိုမို ပါးလွှာသွားပါတယ်။ ဖုန်း ကင်မရာဟာ တစ်လုံးက 12MP ရှိပေမယ့် နောက်တစ်လုံးကတော့ 8MP ဝန်းကျင်ပဲ ရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။ တစ်လုံးနဲ့တစ်လုံးက ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို တကွဲတပြားဆီ ရိုက်ပြီးသုံးဖက်မြင်ပုံရိပ်ဖြစ်အောင် ဖန်တီးပေးမယ့် ဆော့ဖ်ဝဲများလည်း ပါဝင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။
iPhone 7 နဲ့ 7 Pro ကို လာမယ့် စက်တင်ဘာလမှ မိတ်ဆက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: metro
အောင်ခမ်း (MMAS)






0 comments:
Post a Comment