ကမ္ဘာတစ်ဝန်း VPN သုံးစွဲမှုစာရင်းတွင် အင်ဒိုနီးရှားက ထိပ်ဆုံး၌ရပ်တည်



နာမည်ကျော်ဝက်ဘ်ဆိုက်များ အသုံးပြုခွင့်ကို ကန့်သတ်တားဆီးထားခြင်းက ကမ္ဘာတစ်ဝန်း virtual private network (VPN) သုံးစွဲမှုစာရင်းတွင် အင်ဒိုနီးရှားနိုင်ငံကို ထိပ်ဆုံး၌ ရပ်တည်စေခဲ့ကြောင်း GlobalWebIndex ထုတ်ပြန်ချက်ကို အခြေခံထားသော Wired ၏ infographic တွင်ဖော်ပြချက်အရ သိရသည်။


VPN များသည် အခြားနိုင်ငံမှတစ်ဆင့် web traffic ကို တိုက်ရိုက်အသုံးပြုသဖြင့် နိုင်ငံတစ်နိုင်ငံ၏ တားမြစ်ကန့်သတ်မှုများကို ရှောင်တိမ်းနိုင်သည်။


အင်ဒိုနီးရှားရှိ အွန်လိုင်းသုံးစွဲသူအားလုံးအနက် ၄၁ ရာခိုင်နှုန်းက VPN ကို အသုံးပြုကြကြောင်း Wired မှ ပြောကြားသည်။


GlobalWebIndex ၏ အစီရင်ခံစာသည် VPN သုံးစွဲမှုအပါအဝင် နိုင်ငံ ၃၄ နိုင်ငံမှ အင်တာနက်သုံးစွဲသူ ၂၀၀,၀၀၀ ၏ အင်တာနက်အသုံးပြုသည့်အလေ့အထကို စစ်တမ်းကောက်ယူဖော်ပြထားခြင်း ဖြစ်သည်။


အဆိုပါ အစီရင်ခံစာတွင် အင်ဒိုနီးရှားအပြင် အခြားသောနိုင်ငံများ၏ VPN သုံးစွဲမှု မြင့်မားပုံကိုလည်း ဖော်ပြထားသည်။


အင်ဒိုနီးရှား၏နောက်တွင် ထိုင်းနိုင်ငံက VPN သုံးစွဲမှုနှုန်း ၃၉ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး ယူအေအီး၊ တူရကီ၊ ဆော်ဒီအာရေဗျနှင့် ဘရာဇီးလ်တို့က ၃၆ ရာခိုင်နှုန်းစီနှင့် ဗီယက်နမ်က ၃၅ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။


တရုတ်နိုင်ငံတွင်မူ VPN သုံးစွဲသူ ၂၉ ရာခိုင်နှုန်းသာရှိပြီး ကမ္ဘာတစ်ဝန်းပျှမ်းမျှသုံးစွဲမှုနှုန်းဖြစ်သော ၂၂ ရာခိုင်နှုန်းထက် အနည်းငယ်သာမြင့်မားသည်။


အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံအများစုတို့မှာ ကမ္ဘာတစ်ဝန်း ပျှမ်းမျှသုံးစွဲမှုနှုန်းအောက်တွင်သာရှိသည်။



 Internetjournal



0 comments:

Post a Comment