HP က EliteBook 1030 လို့ အမည်ပေးထားတဲ့ စွမ်းဆောင်ရည်သင့် Laptop
အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ EliteBook 1020 ထက်
အရွယ်ပိုမိုကြီးမားပြီး စွမ်းဆောင်ရည် ပိုမို မြင့်မားတဲ့
အမျိုးအစားဖြစ်ပါတယ်။ EliteBook 1040 ထက်တော့ အရွယ်သေး၊ ပေါ့ပါးတဲ့
အမျိုးအစားပါ။ 1030 မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ ဒီနေ့ခေတ် M
Processors ထည့်သွင်းထားတဲ့ ပီစီအများစုလိုပဲ ပန်ကာမပါရှိပါဘူး။
HP EliteBook 1030 မှာ ၁၃.၃ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Quad HD Display Model ကိုလည်း ရွေးချယ်နိုင်ပါတယ်။ 1.1GHz Intel Core M Processor မောင်းနှင်မှာပါ။ 1.2GHz Core M7 ကိုလည်း ရွေးချယ်နိုင်ပါတယ်။ 512GB SSD အထိ Storage ကို ရွေးချယ်နိုင်ပါတယ်။ 16GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းမှာ ၁၃ နာရီဖြစ်ပါတယ်။ USB-C Port တစ်ခု၊ USB 3.0 Port နှစ်ခု၊ WiDi, Bluetooth 4.2 တို့ ပါရှိပါတယ်။ ဈေးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၁၂၄၉ သတ်မှတ်ထားပါတယ်။

Credit to ==> Myanmar Digital Life Journal
0 comments:
Post a Comment