♪ နားကြပ်တိုင်းကို ပတ်လည်အသံပြေးစနစ်ရအောင်လုပ်ပေးမယ့် iOS app ♫


Mac OS မှာ အသံချိန်ညှိပေးတဲ့ Boom app ကို တော်တော်များများသိကြမှာပါ။ ယခုအခါ Boom for Mac app ရဲ့ iOS app ထွက်လာပြီဖြစ်ပါတယ်။

iOS အတွက်ထွက်လာတဲ့ Boom app ဟာ Mac တုန်းကလို၊ equaliser သက်သက်အနေနဲ့ မဟုတ်တော့ဘဲ၊ effect စုံလင်တဲ့ music player တစ်ခုဖြစ်လာပြီး၊ ဒီ app ထဲမှာဖွင့်ထားတဲ့သီချင်းတွေကို ဘယ်လိုနားကြပ်မျိုးမှာမဆို ပတ်လည်အသံပြေးစနစ်ထွက်အောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ iOS ရဲ့ အကန့်အသတ်တွေကြောင့်၊ Boom app ထဲမှာဖွင့်တဲ့သီချင်းတွေကိုပဲ surround sound ခံစားမှုပေးစွမ်းမှာ ဖြစ်ပြီး၊ တခြား player တွေမှာဆိုရင်တော့ ရမှာမဟုတ်ပါဘူး။

NDTV ချယ်နယ်ဝန်ထမ်းတွေရဲ့ စမ်းသပ်ချက်အရ၊ Headphones အမျိုးအစားတော်တော်များများမှာ ပတ်လည်အသံပြေးစနစ်ထွက်ပြီး၊ တော်တော်မိုက်တယ်လို့ ဆိုပါတယ်။
Boom app ရဲ့ ဒီဇိုင်းကလည်း မျက်စိအေးတဲ့ အနက်ရောင်ဖြစ်ပြီး၊ ကွန်ထရိုးခလုတ်တွေ၊ effect ခလုတ်တွေ၊ ရိုးရိုးရှင်းရှင်းဖော်ပြထားတာကို တွေ့ရပါတယ်။
Boom app ကနေ သီချင်းဖွင့်လိုက်ရင်၊ Effects ဆိုတဲ့ ခလုတ်တစ်ခုကို တွေ့ရမှာဖြစ်ပြီး၊ နှိပ်လိုက်ရင်တော့ အသံချိန်ညှိဖို့နဲ့ Boom’s 3D Surround effect ကို အတိုး၊အလျော့ လုပ်ဖို့ settings ပေါ်လာမှာပါ။

boom_music_ipad

Boom app မှာ Timer လည်းပေးလို့ရတာကြောင့်၊ အိပ်ခါနီးသီချင်းနားထောင်ချင်တဲ့သူတွေအတွက် တော်တော်အဆင်ပြေပြီး၊ ဖုန်း/တက်ဘလက်ကို လှုပ်လိုက်ရုံနဲ့ သီချင်းကျော်နိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
Boom ရဲ့ ပတ်လည်အသံပြေးစနစ်က တကယ်အလုပ်လုပ်ရဲ့လားဆိုတော့၊ မဆိုးဘူးလို့ ဖြေရမှာပါ။ ဒါပေမယ့် နားကြပ်က အရည်အသွေးပိုကောင်းလာလေ၊ ပတ်လည်အသံပြေးစနစ်က အနည်းငယ်ပိုဆိုးလာပြီး၊ Audi Technica ATH-M50x လို အရည်အသွေးမြင့်နားကြပ်နဲ့ နားထောင်တဲ့အခါ၊ သူ့ effect က အသံအရည်အသွေးကို ပိုဆိုးသွားစေတာ တွေ့ရပါတယ်။
Boom ရဲ့ နောက်ထပ်ကန့်သတ်ချက်တစ်ခုကတော့၊ Apple Music နဲ့ Spotify တို့က သီချင်းတွေလိုမျိုး DRM-protected လုပ်ထားတဲ့ ဖိုင်တွေကို effect မထည့်ပေးနိုင်ပါဘူး။ iTunes က၀ယ်ယူထားတဲ့ သီချင်းတွေလိုမျိုး DRM မရှိတဲ့ သီချင်းတွေဆိုရင်တော့ ကောင်းကောင်းသုံးနိုင်ပါတယ်။
Boom ကို iTunes မှာ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီး၊ ငါးရက် အခမဲ့စမ်းသုံးခွင့်ရှိပါတယ်။ ငါးရက်ကျော်သွားရင်တော့ သုံးဒေါ်လာလောက် ဆက်သွင်းပြီးအသုံးပြုရမှာပါ။

boom_headphones_ipad

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment