♪ “အူရီဒူးမြန်မာ မှ 4G Plus ဝန်ဆောင်မှု စတင်ပေးနေပြီဟု သတင်းထုတ်ပြန်” ♫


ပြည်တွင်းတွင် 3G ကွန်ရက်ဖြင့်သာ စတင်ဝန်ဆောင်မှုပေးခဲ့သော အူရီဒူး မြန်မာအနေဖြင့် 4G Plus ဝန်ဆောင်မှု ကို စတင်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။လှိုင်းစဉ်ထပ်မံရရှိနိုင်ရန် အင်တာနက်လိုင်း ပိုမိုမြန်ဆန်နိုင်ရန်နှင့် အပြိုင်အဆိုင်လေလံဆွဲနိုင်ရန်လည်း အူရီဒူးမှ ထပ်မံ ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သည်။အမှုဆောင်အရာရှိချုပ် Rene Meza က ''မြန်မာနိုင်ငံမှာ 4G Plus ဝန်ဆောင်မှုတွေကို မိတ်ဆက်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။

မြန်မာပြည်သူလူထုအတွက် ကမ္ဘာ့အဆင့်မီ အင်တာနက် ဝန်ဆောင်မှုတွေကို ထပ်ဆောင်းတစ် ဆင့်တက်ပေးနိုင်တော့မှာပါ'' ဟု ပြောသည်။" 4Gဆိုတာ မက်စရာကောင်းတဲ့ ဒေတာဝန်ဆောင်မှုပါ။ သုံးစွဲသူ အများစုမှာ 4G Handset မရှိသေးတဲ့အတွက် 4G ဝန်ဆောင်မှု ရဲ့အသီး အပွင့် အားလုံးခံစားရမှာမဟုတ်သေးပါဘူး။ ဒါပေမယ့်နိုင်ငံနဲ့အဝန်း 3G ကွန်ရက်ဆက် ချဲ့နေတာမို့ ကွန်ရက်မိတဲ့နေရာတွေမှာ 3G ကွန်ရက်ကို တိုးပြီးအသုံးပြုနိုင်ကြမှာပါ။ ဒီလိုနဲ့ အဆန်းသစ်ဆုံး ဝန်ဆောင်မှုတွေ၊ အကောင်းဆုံးထပ်မံအပိုဆောင်းမှုအနေနဲ့ရကြမှာပါ။ ကမ္ဘာ့အဆင့်မီ 4G ဝန်ဆောင်မှုနဲ့အတူ အပိုဆောင်းပေးနိုင်တာတွေအများကြီးဖြစ်လာမှာပါ'' ဟုလည်း အမှုဆောင်အရာရှိချုပ် Rene Meza ကဆိုပါသည်။

4G ဝန်ဆောင်မှုကို ရန်ကုန်နှင့်မန္တလေးမြို့ခံလူထုအနေဖြင့် မေလမှ စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး ဆက်လက်၍ အခြားဒေသများ ထံချဲ့ထွင်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။အူရီဒူးဆင်းကတ်တွင် စတင်ဖြန့်ဝေစဉ် အခါကပင် 4G အတွက်အဆင်သင့်ဖြစ်နေပြီးဖြစ်၍ဆင်းကတ်လဲစရာ မလိုအပ်ဘဲ ဖုန်းအတွင်းရှိ Setting ကို ပြောင်းလဲအသုံးပြုရုံဖြင့် အသင့် အသုံးပြုနိုင်မည်ဖြစ်သည်။အူရီဒူးမြန်မာအနေဖြင့် အောင်မြင်မှုရရှိခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ပထမသုံးလပတ်စာရင်းရှင်းတမ်းပေါ်မူတည်၍ ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အူရီဒူးမြန်မာမှ ဇန်နဝါရီလမှ မတ်လကာလ အတွင်း အူရီဒူးသုံးစွဲသူ ၁.၁ သန်း တိုးလာခဲ့ပြီး မတ်လကုန်တွင်တာဝါတိုင် ပေါင်း ၃,၈ဝဝကျော်ဖြင့်မြန်မာနိုင်ငံလူဦးရေ၏ ၈ဝ%ကျော်ကို ကွန်ရက် လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။လှိုင်းစဉ်ခွင့်ပြုချက်ပိုမိုရရှိလာသည်နှင့်အမျှ 4G၏ပေးအပ်နိုင်စွမ်းကိုထင်ထင်ရှားရှားသိမြင်နိုင်ရန်အလို့ငှာ မြန်မာ နိုင်ငံနှင့်အဝန်းဆက်လက်ကျင်းပမည့် 4G Plus ပွဲတို့တွင်ဆက်လက် ထုတ်ဖော်ပြသသွားမည်ဟုအူရီဒူးက သတင်းထုတ်ပြန်ပါသည်။

အူရီဒူးမြန်မာ၏ CEO Rene Meza က ''နိုင်ငံတော်အစိုးရကနေ ဆက်လက် ခွင့်ပြုပေးလာတာနဲ့အမျှ ဝန်ဆောင်မှု တွေကိုခပ်မြန်မြန်ပေးသွားဦးမှာပါ။ ရင်းနှီးမြှုပ်နှံမှုအပိုင်းကို အာရုံစိုက်လို့ပြီးပြီမို့ အခုဆိုဝန်ဆောင်မှုကို အရှိန်မြှင့် နိုင်ဖို့ရာအသင့်ဖြစ်နေပါပြီ'' ဟုဆိုပါသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment