♪ သြစတြးလျနိုင်ငံသား ခရိတ်ရိုက်က Bitcoin တည်ထောင်သူဖြစ်ဟုဆို ♫


သြစတြေးလျနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင် ခရိတ်ရိုက်က Bitcoin တည်ထောင်သူ ဆာတိုရှီနာကာမိုတိုမှာ မိမိကိုယ်တိုင်ဖြစ်ကြောင်း အများပြည်သူထံသို့ အသိပေးထုတ်ပြန်သွားခဲ့သည်။
ဒီဂျစ်တယ်ငွေကြေးစနစ် Bitcoin ကို စတင်ဖန်တီးခဲ့သည့် မူရင်းစိတ်ကူးစိတ်သန်းပိုင်ရှင်အား နှစ်ပေါင်းများစွာ ခန့်မှန်းမှုများအပြီး ခရိတ်ရိုက်၏ ဝန်ခံချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မစ္စတာရိုက်သည် ၎င်းပိုင်ဆိုင်သော coin များကိုအသုံးပြု၍ ဝန်ခံပြောကြားချက်များ ခိုင်မာစေရန် နည်းစနစ်ဆိုင်ရာ သက်သေများကို ပြသခဲ့သေးသည်။
Bitcoin လူမှု့အဖွဲ့အစည်းနှင့် အဓိက development အဖွဲ့၏ ထင်ရှားသည့် အဖွဲ့ဝင်များကလည်း ခရိတ်ရိုက်၏ ဝန်ခံပြောကြားချက်ကို အတည်ပြုခဲ့ကြသည်။
သို့ရာတွင် Bitcoin အသိုက်အဝန်းအတွင်းရှိ အခြားသူများက ခရိတ်ရိုက်ကို သက်သေများစွာ ပြသရန် တောင်းဆိုလျက်ရှိကြသည်။
မစ္စတာရိုက်သည် ၎င်း၏ အထောက်အထားကို BBC, the Economist နှင့် GQ စသည့် မီဒီယာအဖွဲ့အစည်း ၃ ခုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
BBC နှင့်တွေ့ဆုံစဉ် မစ္စတာရိုက်သည် Bitcoin ၏အစောပိုင်းကာလတွင် ဖန်တီးထားသည့် cryptographic key များကိုအသုံးပြု၍ message များကို ဒီဂျစ်တယ်နည်းလမ်းအရ လက်မှတ်ထိုးခဲ့သည်။
“အခုစာသားတွေက ပထမဆုံး bitcoin ငွေကြေးလွှဲပြောင်းမှုအဖြစ် ဇန်နဝါရီ ၂၀၀၉ ခုနှစ်မှာ ဟေဖင်နေဆီကို bitcoin ၁၀ ခုပို့ရာမှာ သုံးခဲ့ပါတယ်။ ကျွန်တော်က Bitcoin ရဲ့အဓိကနေရာမှာ ပါဝင်ခဲ့ပြီး အခြားသူတွေက ကျွန်တော်ကို ကူညီကြပါတယ်” ဟု ခရိတ်ရိုက်က ပြောကြားခဲ့သည်။
နာမည်ကျော် စကားဝှက်ပညာရှင် ဟေဖင်နေသည် ၎င်း၏ စိတ်ကူးများကို Bitcoin လုပ်ထုံးလုပ်နည်း အသွင်ဖြစ်လာစေရန် ကူညီခဲ့သည့်အင်ဂျင်နီယာအနက် တစ်ဦးဖြစ်ကြောင်း ခရိတ်ရိုက်ကပြောကြားခဲ့သည်။
မစ္စတာရိုက်အနေဖြင့် အများပြည်သူသို့ ၎င်း၏ အထောက်အထားများ ချပြအပြီးတွင် Bitcoin ဖောင်ဒေးရှင်း၏ သိပ္ပံပညာရှင်အကြီးအကဲ ဂါဗင်အန်ဒါဆင်က ခရိတ်ရိုက်၏ ပြောကြားချက်ကို ထောက်ခံခဲ့သည်။
Bitcoin အသုံးပြုသူများက ၂၀၁၁ ခုနှစ်တွင် လုပ်ငန်းတွင်းပါဝင်ပတ်သက်မှုမှ နုတ်ထွက်ခဲ့သည့် အမည်မဖော်လိုသူ နာကာမိုတိုဖြစ်ကြောင်း၊ ခရိတ်ရိုက်၏ သက်သေပြမှုမှာ လုံလောက်ခြင်း မရှိကြောင်း ပြောကြားခဲ့ကြသည်။
Ref: BBC

Credit to ==>Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment