♪ Samsung Galaxy Note 6 တွင် USB Type-C connector ပါဝင်မည်ဟုဆို ♫


Samsung က Galaxy Note 6 ကို ပွဲထုတ်မိတ်ဆက်ရန် လအနည်းငယ်သာ လိုအပ်ချိန်တွင် အဆိုပါထုတ်ကုန်သစ်နှင့် ပတ်သက်သည့် ကောလာဟလသတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးထွက်ပေါ်လာသော ကောလာဟလသတင်းတစ်ရပ်အရ Galaxy Note 6 ၏ microUSB connector နေရာတွင် USB Type-C port အစားထိုး ပါဝင်လာဖွယ်ရှိပြီး ၎င်းက ကိုရီးယားကုမ္ပဏီ၏ ထုတ်ကုန်များအနက် USB Type-C port ပါဝင်သည့် ပထမဦးဆုံးထုတ်ကုန် ဖြစ်လာမည်ဟု သိရသည်။ သို့ရာတွင် Samsung က USB 3.1 စံသတ်မှတ်ချက် အသုံးပြုခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။

ထို့အပြင် Note 6 နှင့်အတူ Gear VR headset သစ်တစ်ခုကိုလည်း Samsung က ဖြန့်ချိသွားဖွယ်ရှိကြောင်း သိရသည်။ လက်ရှိ Gear VR ကို microUSB မှတစ်ဆင့် Samsung ဖုန်းဖြင့် ချိတ်ဆက်ရသောကြောင့် Note 6 အတွက် အဆင့်မြှင့်ထားသော headset တစ်ခု လိုအပ်မည်ဖြစ်သည်။

Galaxy Note 6 တွင် ၅.၈ လက်မ QHD Super AMOLED touchscreen, 6GB RAM, Qualcomm ၏ Snapdragon 823 SoC, 12 MP ကျောဘက်ကင်မရာနှင့် 4,000mAh ဘက်ထရီတို့ပါဝင်ကာ ရေစိုဒဏ်နှင့် ဖုန်ဝင်ဒဏ်ခံနိုင်ကြောင်း ကောလာဟလသတင်းများအရ သိရသည်။

Credit to ==>Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment