စကာင်္ပူနိုင်ငံထုတ် brand ဖြစ်သည့် Singtech ၏တန်ဖိုးနည်းစမတ်ဖုန်းအမျိုးအစားဖြစ်သည့် Sapphire H30 ကိုဈေးနှုန်း ၅၉၀၀၀ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။ Sapphire H30 တွင်စကရင်အကျယ် ၄.၅လက်မရှိပြီး ဘက်ထရီအားသိုလှောင်နိုင်မှု ပမာဏမှာ ၇၀၀mAhဖြစ်သည်။

ယင်းစမတ်ဖုန်းကို ၀ယ်ယူသူတိုင်းအတွက် ရောင်စုံကာဗာ၂ခုကိုလက်ဆောင်အဖြစ် အခမဲ့ပေးအပ်သွားမည်ဖြစ်ပြီး အမျိုးသားများအတွက်Dark Blue ,Yellow, Maroon ရောင်စုံကာဗာ၃ခု၊ အမျိုးသမီးများအတွက် ချစ်စရာကောင်းသော Light Yellow ,Green နှင့်Purpleရောင်စုံကာဗာ၃ခုတို့ ပါဝင်မည်ဖြစ်သည်။ ထိုအပြင်ဝယ်ယူသူတိုင်းအတွက် ၆လစာ အင်တာနက်အပါအ၀င် ဖုန်းခေါ်ဆိုခြင်း မက်ဆေ့ပို့ခြင်းများ အခမဲ့သုံးစွဲခွင်လည်း ပါဝင်ဦးမည်ဖြစ်သည်။

MPTသုံးစွဲသူများအနေဖြင့် တစ်လလျှင် အနည်းဆုံးဘေ၁၀၀၀ကျပ်ဖိုး ဖြည့်ရုံဖြင့်200MB+80min +100smsကို Sphire H30 ၀ယ်ယူသူတိုင်းရရှိနိုင်မည်ဖြစ်သည်။

Contact: 012399900