♪ " BLU မှ Vivo 5R ကို ကြိုတင်မှာယူနိုင်ပြီဟု သိရှိရ " ♫


BLU သည် စမတ်ဖုန်းအသစ်တစ်ခုကို ထပ်မံထုတ်လုပ်ခဲ့ပြီး Vivo 5R ဟု အမည်ပေးခဲ့ကာ ဖေဖော်ဝါရီတွင်ထုတ်လုပ်ခဲ့သော Vivo 5 အား အသစ်ပြင်ဆင်မွမ်းမံခဲ့သော ပုံစံအသစ်ဖြစ်သည်ဟုဆိုခဲ့သည်။ 

 ဖုန်းအသစ်တွင် ၅.၅လက်မ 1080p touch screen ပါဝင်ပြီး အဓိကကင်မရာမှာ 13MP ဖြစ်ကာ Sony ၏ IMX 258 sensor အား သုံးခဲ့သည့်အပြင် phase detection autofocus နှင့် LED Flash တို့ပါဝင်ခဲ့သည်။ ရှေ့ဘက်တွင် 8MP selfie ကင်မရာကို LED Flash ပါတွဲ၍ သုံးစွဲပေးထားသည်။ ဖုန်း၏ စွမ်းဆောင်နိုင်စွမ်းအတွက် Media Tek MT 6753 SoC 1.3GHz octa-core Cortex- A53 CPU အားသုံးစွဲထားပြီး RAM 3GB ထိ ထောက်ပံ့ပေးထားသည်။

Memory ပမာဏမှာ 32GB ထိ ပါဝင်ပြီး လိုအပ်ပါက micro SD ဖြင့် ထပ်မံမြှင့်တင်နိုင်မည်ဟုလည်း သိရသည်။ 4G network ၌သုံးစွဲနိုင်ပြီး ကျောဘက်တွင် လက်ဗွေဖတ်နိုင်သော Finger-print scanner ပါဝင်ကာ 3150mAh ဘက်ထရီပါဝင်ပြီး အားအမြန်သွင်းနိုင်သော 10W quick charging ပါဝင်သည်ဟုသိရသည်။ Android 6.0, Marshmallow အားသုံးထားပြီး 145.5×75.6× 8.15mm အရွယ်အစားရှိကြောင်း သိရှိရသည်။ 

BLU ၏ အဆိုအရ Vivo 5R သည် network များစွာနှင့်လိုက်ဖက်ညီပြီး Amazon ၌ စတင်မှာယူနိုင်ပြီဟုသိရကာ unlcoked အတွက် ၁၉၉.၉၉ဒေါ်လာသာ ကျသင့်မည်ဖြစ်သည်။ စက်တင်ဘာ ၂၁ရက်တွင် စတင်ရရှိမည်ဖြစ်ပြီး Gun Metal Grey နှင့် White-Gold အရောင်နှစ်မျိုး ၀ယ်ယူနိုင်မည်ဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment