♪ Android အတွက် Chrome Browser မှာ ဗီဒီယိုအရွယ်အစားတွေကို ချုံ့ပေးမယ့်အပြင် ဒေတာသုံးစွဲမှုကိုလည်း ၉၀ရာခိုင်နှုန်းအထိသက်သာစေမည် ♫


Google ဟာ ဒီနေ့မှာပဲ လက်ရှိပြုလုပ်ထားတဲ့ Android အတွက် Chrome ဘရောက်ဇာနဲ့ Google Play Store တို့ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာဆိုရင် အင်တာနက်ဒေတာ နည်းပါးတဲ့ နေရာတွေအတွက် ရည်ရွယ်ထားပုံလည်း ဖြစ်ဟန်တူပါတယ်။ Chrome နဲ့ Google Play တွေမှာ လုပ်ဆောင်ချက်အသစ်တွေနဲ့ ပြသနာတွေဖြေရှင်းထားတဲ့ ဒီဇိုင်းပုံစံအသစ်တွေကို ယူဆောင်လာခဲ့ပါတယ်။

Chrome ရဲ့ ဒေတာဆာဗာအနေနဲ့ မကြာခင်မှာ ဗီဒီယိုတွေရဲ့ ဆိုက်တွေကို ချုံ့ပစ်လိုက်တော့မှာပါ။ ဒါကြောင့် MP4 ဖိုင်တွေဟာ ရှိနေတဲ့ ဒေတာပမာဏထက် ၆၇ရာခိုင်နှုန်းလောက်ထိ လျော့ကျသွားတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်က 2G နဲ့ 2G ပုံစံ နက်ဝက်တွေအတွက်ဆိုရင်တော့ Google chrome ရဲ့ Android ဗားရှင်းမှာ စာမျက်နှာတွေကို နှစ်ဆပိုမိုမြန်ဆန်အောင် ဝင်နိုင်တော့မှာ ဖြစ်တဲ့အပြင် ဒေတာသုံးစွဲမှုကိုလည်း ၉၀ရာခိုင်နှုန်းအထိ လျှော့ချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီအပြင် ဒေါင်းလုဒ်လုပ်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကိုလည်း ထည့်သွင်းလိုက်ပြီး Chrome ရဲ့ Android ဗားရှင်းမှာ ဝက်ဘ်ဆိုက်ထဲမှာ ပါဝင်တဲ့ ဗီဒီယို၊ သီချင်းနဲ့ ဓာတ်ပုံတွေအပြင် ဒေါင်းလုဒ်လုပ်ဖို့အတွက် New Tab ခွဲထားတဲ့ အရာတွေကိုလည်း တစ်ခါတည်း ဒေါင်းလုဒ်ချနိုင်အောင် ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုလုံးကို ဒေါင်းလုဒ်လုပ်ခွင့် ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ လိုင်းမကောင်းလို့ ပျက်သွားတယ်ဆိုရင်တော့ အင်တာနက်ကွန်နက်ရှင် ပြန်ရတဲအခါမှာ အလိုအလျောက် Resume အနေနဲ့ ပြန်လည် ဒေါင်းလုဒ်လုပ်ပေးမှာပါ။

Google အနေနဲ့ ကိုယ့်အတွက် Recommend လုပ်ပေးမယ့် အရာတွေနဲ့ ဒေါင်းလုဒ်လုပ်ထားတဲ့ Page တွေကို နောက်ပိုင်းမှာ Offline အနေနဲ့ ပြန်ကြည့်နိုင်အောင် ပြုလုပ်ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။ ဒီ Recommend လုပ်တဲ့အချက်အလက်တွေထဲမှာ လက်ရှိ ပြည်တွင်းမှာ ဘာတွေခေတ်စားနေတယ်ဆိုတဲ့အပေါ် မူတည်ပြီး ပြသပေးမှာပါ။


Google Play Store အနေနဲ့လည်း သင့်အနေနဲ့ နည်းပါးတဲ့ အင်တာနက်ဆက်သွယ်မှုပဲ ရရှိနေတယ်ဆိုခဲ့ရင် ဒီလိုပုံစံတူ update လုပ်ဆောင်ချက်တစ်ရပ်ကိုလည်း ယူဆောင်လာခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ကိုတော့ “Fast Browsing” လို့ခေါ်ပြီး စတိုးထဲက ပေါ်ပြူလာဖြစ်နေတဲ့ အပိုင်းတွေကို Wi-Fi ရှိနေတဲ့ နေရာတွေမှာ Pre Load အနေနဲ့ အကြိုဒေါင်းလုဒ်လုပ်ပေးထားမှာ ဖြစ်လို့ အသုံးပြုသူတွေအနေနဲ့ နည်းပါးတဲ့ လိုင်းသာရှိနေရင်တောင် အဆင်ပြေစွာ ဒေါင်းနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ထပ် တစ်မျိုးကိုတော့ “Wait for Wi-Fi” လို့ခေါ်ပြိး သင့်အနေနဲ့ ဒေါင်းလုဒ်လုပ်လိုတဲ့ App ကို Wi-Fi ရတဲ့နေရာကျရင် အလိုအလျောက်ဒေါင်းနိုင်အောင် ပြုလုပ်ထားနိုင်မှာပါ။

Chrome ရဲ့ လုပ်ဆောင်ချက်အသစ်တွေနဲ့ ဗားရှင်း 54 ကို လာမယ့် အောက်တိုဘာ လလယ်လောက်မှာ ထုတ်လုပ်မှာ ဖြစ်ပြီး ဗားရှင်း 55 ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်ဖို့အတွက် မျှော်မှန်းထားတယ်လို့ သိရပါတယ်။ Google Play ရဲ့ Fast Browsing လုပ်ဆောင်ချက်ကိုတော့ ဒီနေ့ကစတင်ပြီး အိန္ဒိယနိုင်ငံမှာ ရရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။


Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment