♪ Android-Chrome OS hybrid အသုံးပြုထားသည့် laptop နှင့် tablet ဖြန့်ချိရန် Google စီစဉ်နေ ♫


Search ကုမ္ပဏီကြီးဖြစ်သော Google သည် Android နှင့် Chrome OS ပေါင်းစပ်ထားသော Andromeda ဟုခေါ်သည့် operating system သစ်တစ်မျိုး အသုံးပြုထားသော laptop နှင့် tablet ကို ဖြန့်ချိရန် စီစဉ်နေကြောင်း 9to5Google နှင့် Android Police တို့မှ ဖော်ပြခဲ့သည်။

Google သည် ပေါင်းစပ်ထားသည့် OS တစ်မျိုးကို နှစ်အတန်ကြာကတည်းက အရိပ်အမြွက်ပြောဆိုခဲ့ပြီး ၎င်း OS ကို ၂၀၁၇ ခုနှစ်တွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။

Google အနေဖြင့် Andromeda ကို Nexus အမှတ်တံဆိပ်ပါဝင်သော Huawei tablet တွင် အသုံးပြုဖွယ်ရှိကြောင်း 9to5Google မှ ဖော်ပြခဲ့သည်။ အခြားထုတ်ကုန်မှာ အလွန်ပါးလွှာသည့် convertible laptop ဖြစ်ကြောင်း Android Police မှ ဖော်ပြခဲ့သည်။

Pixel 3 ဟုခေါ်သည့် အဆိုပါ laptop ကို ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ဖြန့်ချိဖွယ်ရှိကြောင်းလည်း Android Police မှ ပြောကြားခဲ့သည်။


Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment