Android ဖုန်းအသုံးပြုသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ Restart ချတယ် , Reset
ချတယ်ဆိုတဲ့စကားလုံးကို အချို့တွေအနေနဲ့မသဲကွဲတာတွေတွေ့နေရပါတယ်။
အဲဒီနှစ်မျိုးမှာ ဘယ်ဟာကဘယ်လိုအခြေအနေမှာ
သုံးတာဆိုတာကိုလည်းသိရှိရန်လိုအပ်ပါတယ်။
Restart ဆိုတာကတော့ မိမိဖုန်းလေးလံနေတဲ့အချိန် ဒါမှမဟုတ် system ပိုင်းနဲ့ပတ်သတ်ပြီး လုပ်ဆောင်ချက်တစ်ခုလုပ်ပြီးတဲ့အချိန်မှာ ဒီကောင်လေးကိုအသုံးပြုကြပါတယ်။ ဖုန်းလေးလံနေတဲ့အချိန် Restart ချပေးခြင်းဖြင့် ဖုန်းမှာဖွင့်ထားတဲ့ apk များရဲ့ Recent ဖိုင်များကို Clean ပေးပါတယ်။
နောက်ပြန်တက်လာရင်တော့ဖုန်းကို အခြားကြီးကြီးမားမား error မရှိပါက ပေါ့ပေါ့ပါးပါးပြန်သုံးနိုင်မှာဖြစ်ပါ တယ်။ နောက်ပီး System ပိုင်းနဲ့ပတ်သတ်ပြီး မြန်မာစာထည့်တာတို့ အခြားလုပ်ဆောင်ချက်များပြုလုပ်တဲ့ အခါမှာ Restart ချပေးခြင်းဖြင့် ဖုန်းရဲ့ system ပိုင်းမှာထပ်မံတိုးပြီးလုပ်ဆောင်ချက်ကို ပြန်တက် လာတဲ့အချိန်မှာရရှိစေရန်အတွက် ဖြစ်ပါတယ်။ ဒီ Restart ဆိုတဲ့စကားလုံးကို Reboot လို့လည်းခေါ်ဝေါ် သုံးစွဲကြပါသေးတယ်။
Reset ဆိုတာကတော့ ဖုန်းရဲ့ system ပိုင်းမှာ Root permission နဲ့ပြုလုပ်ထားတဲ့ထပ်တိုးလုပ်ဆောင် ချက်များမှလွဲပြီး install ပြုလုပ်ထားတဲ့ apk , contact , message တွေအပြင်ဖုန်းရဲ့ internal memory အတွင်းမှာရှိသမျှ data များကိုဖျက်ချပြီး ဖုန်းကိုစစဝယ်ဝယ်ချင်းကအတိုင်း ပြန်လည်သုံးစွဲနိုင် ရန်ပြုလုပ်ခြင်းဖြစ်ပါတယ်။
ဒါ့အပြင်ဖုန်းရဲ့ မူရင်းပါလာတဲ့ apk များကိုမှားပြီးဖျက်လိုက်မိတဲ့အခါ Disable လုပ်လိုက်မိတဲ့အခါမှာ Reset ချခြင်းဖြင့် ဖျက်လိုက်မိတဲ့မူရင်း apk ကိုပြန်လည်ရရှိစေရန်လုပ်ဆောင်ကြတာဖြစ်ပါတယ်။ Reset ချခြင်းကိုပြုလုပ်လိုရင်တော့ ဖုန်းရဲ့ Setting >> Backup & Reset ဆိုတဲ့နေရာကနေ တစ်ဆင့်ချင်းဝင်ရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အချိန်မှာ တစ်ခါတစ်ရံမှာ lock တောင်းတာမျိုးနဲ့ကြုံရတက်ပါတယ်။
ဒါဟာမိမိအသုံးပြုထားတဲ့ Lock screen မှ screen lock ကိုတောင်းဆိုတာဖြစ်ပါတယ်။ screen lock မှာပေးထားတဲ့အတိုင်း ရိုက်နှိပ်ပြီး Lock ဖြုတ်ကာ Reset ချပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကိုလုပ်ဆောင်တော့မယ်ဆိုရင်တော့ မိမိအနေနဲ့အရေးကြီးတဲ့ internal memory အတွင်းက data များကို backup ပြုလုပ်ထားဖို့သတိပေးပါတယ်။
အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )

www.pyaephyo.com
0 comments:
Post a Comment