♪ Google Fiber ထက် အဆ ၁,၀၀၀ မြန်ဆန်သော အင်တာနက်ကို Nokia စမ်းသပ်ပြသ ♫


Netflix ကဲ့သို့ ဝန်ဆောင်မှု များပြားသည်နှင့်အမျှ အင်တာနက် ထောက်ပံ့သူများအတွက် download မြန်နှုန်းမြှင့်တင်ရန် ပိုမိုအရေးကြီးလာသည်။ လက်ရှိအချိန်တွင် အင်တာနက်အမြန်ဆုံး ဝန်ဆောင်မှုများမှာ Google Fiber နှင့် Verizon FIOS တို့ဖြစ်သည်။

သို့သော်လည်း Nokia သည် optical fiber မှတစ်ဆင့် တစ်စက္ကန့်လျှင် အချက်အလက်ပေါင်း 1 terabit (1,000 Gbps နှင့်ညီမျှ) ကို လွှဲပြောင်းနိုင်ကြောင်း စမ်းသပ်ပြသခဲ့သည်။ အဆိုပါ နည်းပညာကို Nokia Bell Labs, မြူးနစ် နည်းပညာတက္ကသိုလ်နှင့် Telekom Innovation Laboratories တို့က ပူးပေါင်း၍ သုတေသနပြုလုပ်ကာ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ အချက်အလက် လွှဲပြောင်းမှုမြန်နှုန်းဖြင့် စက္ကန့်အနည်းငယ်အတွင်း HBO ၏ Games of Thrones စီးရီးတစ်ခုလုံးကို download ပြုလုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ စမ်းသပ်မှုကို စီစဉ်ထားသည့် ပတ်ဝန်းကျင် အနေအထားတွင် ပြုလုပ်ခဲ့ခြင်းကြောင့် အချက်အလက် 1 terabit အထိ လွှဲပြောင်းနိုင်ကြောင်း Nokia ကပြောကြားခဲ့သည်။

၎င်းတို့၏ PCS နည်းပညာသည် လှိုင်းများသာ ထုတ်လွှင့်ခြင်းကြောင့် အသံဆူညံမှု မရှိသလို အခြားအားနည်းချက်များလည်း ခံနိုင်ရည်ရှိသည်။


Credit to ==> Internet Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment