မမျှော်လင့်ထားတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ Snapchat ဟာ
ယခင်သတင်းပတ်ကုန်လောက်တုန်းက Snapchat ရဲ့ ပစ္စည်းသစ်တစ်မျိုးကို
မိတ်ဆက်လိုက်ပါတယ်။ အဲ့ဒါကတော့”Snapchat Spectacles”လို့ခေါ်တဲ့
နေကာမျက်မှန်ပဲဖြစ်ပါတယ်။ CEO ဖြစ်သူ Evan Spielgel ကတော့ ဒီမျက်မှန်တွေဟာ
Google Glass တောင်မပြုလုပ်နိုင်ခဲ့တဲ့ ရုတ်တရက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို
မှတ်တမ်းတင်ထားနိုင်မှုကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာလို့လဲဆိုတော့ Snapchat မျက်မှန်မှာ ဗီဒီယိုကင်မရာတွေကို တပ်ဆင်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီအရာကို အသုံးပြုဖို့အတွက် အလွန်ရိုးရှင်းလွယ်ကူတယ်လို့ သိရပါတယ်။ အသုံးပြုသူအနေနဲ့ မျက်မှန်ကိုင်းမှာရှိတဲ့ ခလုတ်လေးကို နှိပ်လိုက်တာနဲ့ မျက်မှန်ဟာ ၁၀စက္ကန့်ကြာမြှင့်မယ့် ဗီဒီယိုတွေကို မှတ်တမ်းတင်ထားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
Snapchat ရဲ့ Spectacles ဟာ ဒီနှစ်နှောင်းပိုင်းမှာ ဈေးနှုန်း ဒေါ်လာ ၁၃၀နဲ့ ရောင်းချမှာဖြစ်ပြီး အရောင်အမျိုးအစား သုံးမျိုးရရှိနိုင်မှာပါ။ Spectacles ကို ၁၁၅ဒီဂရီထောင့် မှန်ဘီလူးတွေပါဝင်မှာပါ။ ဒီလုပ်ဆောင်ချက်ဟာ ဗီဒီယိုတွေကို လူ့မျက်လုံးမှာ မြင်တွေ့ရသလို အနီးစပ်ဆုံး မြင်ရစေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Spiegle က ဒီမျက်မှန်ရဲ့ ကင်မရာအနေနဲ့ သာမန်စမတ်ဖုန်း ကင်မရာတွေထက် ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ရှုထောင့်ကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ Wall Street ဂျာနယ်ကို ပြောကြားခဲ့တာပါ။ အောက်ကဗီဒီယိုမှာ စမတ်မျက်မှန်ရဲ့ လုပ်ဆောင်ချက်အချို့ကို ကြည့်ရှုနိုင်ပါတယ်။

www.pyaephyo.com
0 comments:
Post a Comment