♪ KENBO Hero 2 - Price - 139,800 Ks ♫


Device Support - Kenbo
Price - 139,800 Ks


အားသာချက်
ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့်လည်း ဖုန်းမှာပါဝင်ဖွဲ့စည်း တည်ဆောက်ထားတဲ့ CPU, GPU, Memory အစရှိတဲ့ အစိတ်အပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တာ တွေ့ရမှာပါ။ ဒါ့အပြင် ဖုန်းရဲ့အချက်အလက် လုံခြုံရေးအတွက် Finger Print စနစ်ပါဝင်တဲ့အပြင် ပါဝါအသုံးပြုခြင်း အတွက်လည်း ပါဝါသိုလှောင်မှု ပမာဏမြင့်မားတဲ့ ဘက်ထရီ ပါဝင်ပါတယ်။

အားနည်းချက်
ကင်မရာ Megapixels ပိုင်းမှာ သိပ်အမြင့်ကြီး မဟုတ်တဲ့အပြင် ကင်မရာမှာ ဓာတ်ပုံအသုံးပြု Effect နဲ့စနစ်တွေလည်း သိပ်များများ မပါဝင်ပါဘူး။

ဒီဇိုင်း
ထောင့်အနားလေးဘက် အနည်းငယ် ဝန်းဝိုင်းတဲ့ပုံစံမျိုး တည်ဆောက် ထားတာဖြစ်ပြီး အရွယ်အစားကလည်း လက်နဲ့ကိုင်တွယ် အသုံးပြုဖို့ အံဝင်ခွင်ကျရှိစေတဲ့ အရွယ်အစားမျိုးရှိပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို ပလတ်စတစ်နဲ့ သတ္တုစပ် ကိုယ်ထည်ပုံစံမျိုး တည်ဆောက်ထားတာဖြစ်ပြီး နောက်ဘက်ကာဗာကတော့ ဖြုတ်နိုင်တပ်နိုင်တဲ့ ကာဗာအရှင် ဖြစ်ပေမယ့် ဘက်ထရီကတော့ ဖြုတ်တပ်ပြုလုပ်လို့မရနိုင်ပါဘူး။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၃၅ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၁၆ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၇ စင်တီမီတာရှိပါတယ်။ ကိုင်တွယ်အသုံးပြု ချိန်မှာတော့ ထုထည်အနည်းငယ်ရှိပြီး အလေးချိန်လည်း အနည်းငယ်ရှိနေမှာပါ။ Finger Print ကို ကျောဘက်ကာဗာပေါ်မှာ တပ်ဆင်ပေးထားပြီး Sim Slot တွေကတော့ ဖုန်းရဲ့ကျောဘက်ကာဗာကိုဖွင့်ပြီး ထည့်သွင်းအသုံးပြုရမှာပါ။

မြင်ကွင်း
၅.၀  လက်မရှိတဲ့ ပုံမှန် LCD Screen အမျိုးအစားဖြစ်ပြီး 1280 x 720 Pixels  (~267 ppi pixel density) ရှိပါတယ်။

နည်းပညာ
တန်ဖိုးနည်း ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် နည်းပညာပိုင်းမှာတော့ ထူးခြားဆန်းပြားတဲ့ နည်းပညာ အသစ်အဆန်းတွေကို အများအပြား အသုံးပြုထားတာ တွေ့ရမှာမဟုတ်ပါဘူး။ Finger Print စနစ်ကို အသုံးပြုတဲ့ အခါမှာတော့ ဖုန်းရဲ့ Screen Lock စနစ်အပြင် Application တွေအတွက်လည်း App Lock အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ ပါဝါသိုလှောင်မှုမြင့်မားတဲ့ ဘက်ထရီ စနစ်ပါဝင်ပြီး ပါဝင်တဲ့ဘက်ထရီဟာ ဖုန်းအတွက်အပြင် အခြားဖုန်းတစ်လုံးကိုလည်း OTG စနစ်နဲ့ အားဖြည့်သွင်း ပေးနိုင်ပါတယ်။


Network        GSM - 2G/ 3G/ 4G
SIM             Dual SIM (Micro SIM Dual Stand-by)
OS              Android OS, v5.1
CPU            Quad Core 1.3GHz ARM Cortex-A7
GPU            Mali 400MP2
Memory      Internal 16 GB, 2 GB RAM, Micro SD 32GB
Camera       8 MP, autofocus, LED flash, geo-tagging, touch focus,
                 panorama, HDR, Front 2 MP
Wi-Fi         Yes
Bluetooth   Yes
Battery      Li-Po 4000 mAh Battery

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ Kenbo Hero 2 ဟာ ဖုန်းမှာပါဝင် ဖွဲ့စည်းတည်ဆောက် ပေးထားတဲ့ CPU, GPU, Memory အစရှိတဲ့ အပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ပါဝါသိုလှောင်မှုအတွက် ပါဝင်တဲ့ဘက်ထရီနဲ့ Finger Print စနစ်ပိုင်းမှာလည်း သုံးရတာ အဆင်ပြေစေပါတယ်။ ဖုန်းမှာအသုံးပြုနိုင်မယ့် နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး သိပ်များများစားစား မပါဝင်တဲ့အပြင် ကင်မရာ ပိုင်းမှာလည်း ဓာတ်ပုံအသုံးပြု Effect တွေနည်းတဲ့အတွက် ဓာတ်ပုံဝါသနာ ပါသူတွေနဲ့ နည်းပညာပိုင်း စိတ်ဝင်စားသူတွေ အတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဈေးနှုန်းနဲ့ဖုန်းမှာ ပါဝင်တဲ့အချက်အလက်တွေကို ယှဉ်ကြည့်ရင်တော့ မျှတယ်လို့ဆိုရမှာပါ။

သူတို့အမြင်
ကိုအောင်မြင့်ဦး (YGN)
Kenbo Hero 2 ကိုဘာဖြစ်လို့ သုံးလဲဆိုတော့ ဈေးနှုန်းကြောင့်ပါ။ သူ့ရဲ့ဈေးကတော့ တစ်သိန်းစွန်းစွန်းလေးဆိုတော့ ကျွန်တော် တို့သုံးနိုင်တဲ့ ဈေးနှုန်းဖြစ်တဲ့ အတွက်ကြောင့် သုံးဖြစ်တယ်လို့ပဲပြော ရမှာပေါ့။ ဖုန်းနဲ့ပတ်သက်ပြီး ဘာတွေကိုကြိုက်လဲ ဆိုရင်တော့ သူငယ်ချင်းတွေသုံးနေတဲ့ သူတို့အခြား Brand တွေနဲ့တော့ ကျွန်တော်လိုက်ယှဉ်ပြီး မပြောချင်ပါဘူး။ သူ့ဈေးနဲ့သူကတော့ ဒါကလည်း မဆိုးဘူးလို့ပဲ ပြောရမှာပေါ့။ အရမ်းကြိုက်တဲ့ အချက်ရယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီဈေးနဲ့ Finger Print ရော၊ ဘက်ထရီပမာဏ များများရော သုံးနိုင်တဲ့အတွက် ဒါကိုတော့ကြိုက်တယ်လို့ပြောရမယ်။ မကြိုက်တာ ဆိုရင်တော့ ကျွန်တော့်အမြင်ဆိုရင် အခြားဖုန်းတွေနဲ့ ယှဉ်လိုက်ရင် Setting မြင်ကွင်းပိုင်းကို မကြိုက်ဘူး။ ရိုးလွန်းတယ်လို့ ထင်တယ်။

KMD Kenbo Counter (YGN)
Hero 2 ကတော့ ဈေးနှုန်းသက်သာတဲ့အတွက် အသုံးပြုတဲ့သူ တွေ စိတ်ဝင်စားကြပါတယ်။ သတ္တုကိုယ်ထည်နဲ့  Finger Print လည်းပါတဲ့အတွက် ဒါကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။ Finger Print ကလည်း မတူညီတဲ့ လက်ချောင်း ငါးချောင်းအထိ မှတ်သားနိုင်ပါတယ်။ Memory ပိုင်းလည်း အဆင်ပြေတယ်လို့ ပြောရမှာပေါ့နော်။ အဓိကပြောရမယ်ဆိုရင်တော့ ဘက်ထရီပေါ့။ ဘက်ထရီက အားသိုလှောင်မှု များတဲ့အပြင် အခြားဖုန်းတစ်ခုကို အားပြန်သွင်းပေး ချင်တယ်ဆိုရင်လည်း Power Bank တစ်ခုလို အသုံးပြုနိုင်ပါတယ်။

မအိပိုင် (YGN)
ဈေးနှုန်းသက်သာတဲ့အတွက် ဝယ်လိုက်တာပါ။ ကြိုက်တာကတော့ ဘက်ထရီပေါ့။ ဘက်ထရီက ပမာဏများတဲ့အတွက် ကြာကြာခံတယ်။ ပုံမှန်အတိုင်းသုံးတာတောင် နှစ်ရက်၊ သုံးရက်တော့ ကောင်းကောင်း သုံးရတယ်။ ဒါပေမဲ့ ကင်မရာတော့ သိပ်မကြိုက်ဘူး။ ကင်မရာက ဓာတ်ပုံရိုက်ရတာ အဆင်ပြေပေမယ့် ဘယ်လိုပြောရမလဲ တခြား Effect ဆန်းဆန်းလေးတွေတော့ ဘာမှမပါဘူး။ ကျန်တာတွေကတော့ သုံးရတာ အဆင်ပြေပါတယ်။

KENBO Hero 2 SIM Slot and SD Slot

KENBO Hero 2 Speaker
    
Security & Finger Print
   
   

Finger Print စနစ်ဟာ ဖုန်းရဲ့ Screen Lock စနစ်အပြင် ဖုန်းထဲမှာ ရှိနေတဲ့ Application တွေတစ်ခုချင်းစီ အတွက်လည်း Lock အဖြစ် အသုံးပြုနိုင်ပါတယ်။ Finger Print ကိုအသုံးပြုတဲ့ အခါမှာလည်း မတူညီတဲ့ လက်ချောင်း ၅ ချောင်းအထိ မှတ်သားအသုံးပြု နိုင်ပါတယ်။

   
Battery
  

Prompt & Notification

   

ဒီဖုန်းမှာတော့ ဖုန်းရဲ့ Call စနစ်ထဲမှာ Call History ဟာ သပ်သပ်ထပ်မံ ဝင်ကြည့်ရမှာဖြစ်ပြီး Dial မြင်ကွင်းပေါ်မှာတော့ Dial Pad, Speed Dial, Recents, Contacts အစရှိတဲ့ စနစ်တွေကိုပဲ မြင်တွေ့ရမှာပါ။ Call History ကို ကြည့်ချင်တယ်ဆိုရင်တော့ အပေါ်ထိပ်နားမှာ ရှိနေတဲ့ အစက်လေးသုံးစက်ပုံ Menu ကိုနှိပ်ပြီး Menu ထဲမှာ ကြည့်ရမှာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဖုန်းရဲ့ App List ထဲမှာ History ဆိုတာရှိပါတယ်။ History ကိုနှိပ်ရင်တော့ Call History အားလုံးကို မြင်တွေ့ရမှာပါ။

   
   


Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment